Beaut Blogger ဖြစ်တဲ့ နေခြည်ဦးဟာ Shiseido နဲ့အတူ ဂျပန်ကို ရောက်ရှိနေတဲ့ နေခြည်ဦးကတော့ ဂျပန်မှာ လျှောက်လည်ရင်း အပျော်ကြီး ပျော်နေပါတယ်..။

လျှောက်နေတဲ့ ပုံရိပ်လေးတွေကိုလည်း သူမရဲ့ fb စာမျက်နှာမှာ အရမ်းပျော်နေကြောင်း သူမရဲ့ ချစ်စရာ ဓာတ်ပုံလေးတွေတင်ပြီး ပရိသတ်တွေကို ပြန်လည်မျှဝေခဲ့တာ ဖြစ်ပါတယ်..။

သူမဟာ ဂျန်ပန်နိုင်ငံကို အရမ်းသွားချင်နေခဲ့တာ ဖြစ်ပြီး ဂျပန်နိုင်ငံမှာ ပြုလုပ်ကျင်းပတဲ့ Shiseido ရဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲကို တတ်ရောက်ဖို့ ဖိတ်ထားခံရတာဖြစ်တဲ့အတွက် အခမ်းအနားပွဲတတ်ရောက်ဖို့ ဂျပန်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်..။

ပြန်လည်မျှဝေလိုက်တဲ့ သူမရဲ့ဓာတ်ပုံတွေကို ကြည့်မယ်ဆိုရင်တော့ နေခြည်ဦးတစ်ယောက် အရမ်းကို ပျော်နေတာ တွေ့ရမှာပါ..။

ထိုပွဲကို တတ်ရောက်ဖို့အတွက် ဖိတ်ကြားစာ လက်ခံရရှိတုန်းကလည်း သူမရဲ့ အပျော်တွေကို Live လွှင့်ပြီး ကခုန်ကာ ပရိသတ်တွေကို မျှဝေခဲ့ပါသေးတယ်..။

အခုဂျပန်ကို ရောက်နေတုန်းမှာလည်း သွားချင်တဲ့နေရာ စားချင်တဲ့ တဲ့အစားစားတွေနဲ့ သူမအရမ်းကြိုက်တဲ့ ဆူရှီတွေကိုလည်း အဝစားလျှောက်လည်နေရတဲ့အတွက် အရမ်းပျော်နေပုံရပါတယ်..။

နေခြည်ဦးဟာ နိုဝင်ဘာ(၅)ရက်နေ့က မိခင်နှင့်အတုူ ဂျပန်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး တစ်ပတ် အကြာ နိုဝင်ဘာ(၁၂)ရက်နေ့မှာ ပြန်လာမှာ ဖြစ်တယ်လို့ သိရပါတယ်..။

နေခြည်ဦးဟာ အောင်မြင်တဲ့ Beaut Blogger တစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်နဲ့ စကားပြောပွင့်လင်းသူတစ်ယောက်လည်း ဖြစ်ပါတယ်..။

သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက်အောင် အမြဲ ပြန်လည်မျှဝေလေ့ရှိတာ တွေ့ရပါတယ်..။

ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ နေခြည်ဦးရဲ့ ဂျပန်ရောက်နေတဲ့ ခရီးသွားပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်တာ ဖြစ်ပါတယ်..။ အားပေးပါဦးနော်..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။