ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှ နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်သော YBS အစည်းအဝေးတွင် ခေတ်သစ်ငြိမ်းချမ်းရေး ကုမ္မဏီကို အရေးယူရန် ဆုံးဖြတ်ချက်ချ ခဲ့ပါတယ်။ ခေတ်သစ်ငြိမ်းချမ်းရေး ကုမ္မဏီသည် စည်းကမ်းဖောက်ဖျက်မှု နှင့် တိုင်ကြားခံရမှု များပြားခြင်းကြောင့် ခုလို ဆုံးဖြတ်ခဲ့တယ် လို့လည်းသိရပါတယ်။

YRTA လက်အောက်တွင် YBS ဘတ်စ်ကားများကို တာဝန်ယူကြီးကြပ်ရသည့် အများပိုင် ဘတ်စ်ကား ကုမ္မဏီ ၁၇ ခုနှစ်ရှိပြီး ခေတ်သစ်ငြိမ်းချမ်းရေး ကုမ္မဏီသည် ပထမဦးဆုံး လုပ်ကိုင်ခွင့်ရပ်ဆိုင်းခံရသည့် ပထမဦးဆုံး ကုမ္မဏီဖြစ်လာပါတယ်။ ယာဉ်အများအပြားကို ယာဉ်လိုင်းထဲသို့ YRTA ခွင့်ပြုချက်မရဘဲ ဝင်ရောက်ပြေးဆွဲ ခွင့် ပြုခြင်းများ ကိုလည်း ပြုလုပ်ခဲ့ ခြင်းဟာလည်း ရပ်နားခံရတဲ့ အကြောင်း အရင်းထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

ခေတ်သစ်ငြိမ်းချမ်းရေး ကုမ္မဏီ လက်အောက်မှာ ယာဉ်လိုင်း ၆ လိုင်းကို YBS ကုမ္မဏီများ ၏ ကြီးကြပ်မှု လက်အောက်သို့ ပြောင်းရွေ့ ထည့်သွင်းထားပြီး၊ YBS ဘတ်စ်ကားစနစ်ကို ၂၀၁၇ ဇန်နဝါရီ ၁၆ ရက်က စတင်ခဲ့ပြီး လက်ရှိအချိန်တွင်ပြေး ဆွဲနေသော ဘတ်စ်ကားစီးရေ လေးထောင်ခန့်ရှိသည်။

Source – 7 Day Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။