ဂျပန်ကုမ္ပဏီတစ်ခုတွင်အလုပ်ချိန်အတွင်းဆေးလိပ်ထွက်မသောက်တတ်တဲ့သူများကိုလစာပြည့်ခွင့်ခြောက်ရက်အစားပြန်ယူခံစားခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆေးလိပ်သောက်သူများဟာဆေးလိပ်ဖြတ်ရန်ခက်ခဲလေ့ရှိကြပေမယ့်လဲကုမ္ပဏီကပေးတဲ့ခံစားခွင့်တွေကြောင့်ဆေးလိပ်ဖြတ်ရလောက်တဲ့ခိုင်လုံသည့်အကြောင်းရင်းများရှိလာပြီပဲဖြစ်ပါတယ်။ Piala Incလို့အမည်ရတဲ့တိုကျိုအခြေစိုက်အွန်လိုင်းအရောင်းမြှင့်တင်ရေးကုမ္ပဏီဖြစ်မှဆေးလိပ်

ထွက်မသောက်တတ်သည့်ဝန်ထမ်းများအတွက်အကျိုးခံစားခွင့်အသစ်များပေးလိုက်တာပဲဖြစ်ပါတယ်။ 

အလုပ်အချိန်အတွင်းဆေးလိပ်ထွက်သောက်ခွင့်ပြုထားပေမယ့်လဲဆေးလိပ်မသောက်တပ်တဲ့သူများဟာ၎င်းအအချိန်တွင်အလုပ်လုပ်နေကြသူတွေဖြစ်တာကြောင့်လစာပြည့်ခွင့်ခြောက်ရက်အစားပြန်ယူခံစားခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလကမှစတင်ကာ Piala Inc ကုမ္ပဏီရဲ့CEO ဖြစ်သူ တာကာအိုဆူကာမှ ဆေးလိပ်မသောက်တက်တဲ့ဝန်ထမ်းများကိုအဆိုပါခံစားခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။အလုပ်ချိန်အတွင်းဆေးလိပ်မသောက်တက်တဲ့ဝန်ထမ်းတွေဟာကုမ္ပဏီတွင်ဆေးလိပ်ထွက်သောက်ခြင်းဟာပြသနာဖြစ်စေတယ်လို့ဆိုကာဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။ကုမ္ပဏီရုံးရှိရာ (၂၉)ထပ်တွင်လုပ်ဖော်ကိုင်ဖက်တွေရဲ့တစ်နေ့ရင်အကြိမ်ပေါင်းများစွာဆေးလိပ်ထွက်သောက်နေတက်ကြပြီးဆေးလိပ်တစ်ခါထွက်သောက်ရင်(၁၅)မိနစ်ကျော်ကြာမြင့်တက်တာကြောင့်အလုပ်အတွက်ထိခိုက်မှုများရှိလာစေခဲ့တာပဲဖြစ်ပါတယ်။ 

တာကာအိုကဝန်ထမ်းတွေအားလုံးကိုတန်းတူညီမျှအကျိုးခံစားခွင့်ပေးချင်ရုံသာမကဆေးလိပ်သောက်တက်တဲ့ဝန်ထမ်းတွေကိုဆေးလိပ်ဖြတ်ချင်လာအောင်လှုံ့ဆော်ပေးလိုခြင်းကြောင့်ခုလိုလစာပြည့်ခွင့်ခြောက်ရက်အစားပြန်ယူခံစားခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။စနစ်သစ်ကြောင့်ဝန်ထမ်းပေါင်း(၁၂၀)တွင်ဝန်ထမ်း(၃၀)ဦးကိုလစာပြည့်ခွင့်ရက်များပေးလိုက်ရသော်လည်းလက်ရှိမှာတော့ဝန်ထမ်းလေးဦးတို့ဆေးလိပ်ဖြတ်သွားနိုင်ခဲ့ကြတယ်လို့သိရပါတယ်။

source - pyi myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။