ယခုကိစ္စကတော့ ရယ်စရာတစ်ခုလို့ပြောလည်းရပါတယ်။ ဒါ့မှမဟုတ်ရင် မိုက်ရူးရဲဆန်တယ်လို့လည်း ပြောလို့ရပါတယ်။ ဒါကတော့ ကျားကို မျက်နှာသွားပြောင်ကြတာပါ။ ကျားကို မျက်နှာသွားပြောင်တဲ့သူတွေက ယောကျာ်း၂ယောက်ပါ။ 

သို့ပေမယ့် အဆိုပါ အမျိုးသား၂ယောက်ကတော့ ကျွမ်းကျင်ဝန်ထမ်းတွေဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လည်း ကျားကို သွားစရဲကြတာပါ။ ယခုကိစ္စကတော့ သြစတျေးလျက တိရစ္ဆာန်ရုံမှာ ဖြစ်ပွားခဲ့တာပါ။ Gold Coast Theme park တိရစ္ဆာန်ရုံမှာဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါကိစ္စက ကြသပတေးနေ့ကဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ အမျိုးသား၂ယောက်က ကျားကို စနေတဲ့ Video က လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ လူတွေကတော့ ဒါက တိရစ္ဆာန်တွေကို အနိုင်ကျင့်နေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒီကိစ္စနှင့် ပတ်သတ်ပြီး တာဝန်ရှိသူတွေက တစ်ခုခု ချမှတ်သွားဖို့ရှိတယ်လို့ပြောခဲ့ပါတယ်။ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူအဖွဲ့ဖြစ်သည့် PETA ကတော့ တိရစ္ဆာန်တွေဘက်ကရပ်တည်ပေးဖို့တောင်းဆိုခဲ့ပါတယ်။

Mg Lu Aye

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။