၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကလည်း နီးကပ်လာပါပြီ။ အချို့သော နိုင်ငံများမှာ ခြေစစ်ပွဲအောင်ပြီးပြီဖြစ်သည်။ အချို့က Play offs တွေကန်နေရတုန်းပင် ဖြစ်သည်။ အိမ်ရှင် ရရှားကတော့ ခြေစစ်ပွဲအောင် အသင်းတွေကို ဧည့်ခံရန် စောင့်နေသည်။

ခြေစစ်ပွဲအောင်ပြီးတဲ့အသင်းတွေ အနက်မှ အာဂျင်တီးနားလည်းပါ၀င်ပါတယ်။ မက်ဆီလို ကမ္ဘာ့အကောင်းဆုံး ကစားသမားက ဦးဆောင်နေသလို လူအင်အားလည်းတောင့်ပါတယ်။ ယခုအပတ်မှာတော့ အာဂျင်တီနားက ကမ္ဘာ့ဖလားအိမ်ရှင် ရှရှားနှင့် ယှဉ်ပြိုင်သွားရမှာပါ။ ခြေစမ်းပွဲအဖြစ်ကန်မှာဖြစ်တော့ လည်း ၂သင်းစလုံး လူအင်အားတောင့်တင်းစွာ ကစားလာဖို့ရှိပါတယ်။

အာဂျင်တီနားကတော့ လူအင်အားတောင့်တင်းပေမယ့် မက်ဆီကိုသာ အားကိုးနေရတဲ့ အသင်းပါ။ တိုက်စစ်မှူးတွေက မက်ဆီနှင့်လိုက်မကစားနိုင်တာတွေ့လည်းရှိပါတယ်။ ရရှားကတော့ အသင်းလိုက်စုစည်းမှု ကောင်းတယ်လို့ ပြောရပါမယ်။ ဒါပေမယ့် အာဂျင်တီးနားကတော့ ရရှားကို ရှုံးစရာ အကြောင်း သိပ်မရှိပါဘူး။ အာဂျင်တီးနားအတွက် အနိမ့်ဆုံးသရေပါပဲ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။