tvN မှမကြာမီထုတ်လွှင့်တော့မည့်ဇာတ်လမ်းတွဲသစ် Smart Prison Living အတွက် ပိုစတာအသစ်ထွက်ရှိလာခဲ့ပါတယ်။ အဆိုပါဇာတ်လမ်းတွဲတွင် ပတ်ဟေဆိုး (Legend of the Blue Sea ) က ထောင်တစ်ညကျရတဲ့နာမည်ကျော်ဘေ့စ်ဘောကြယ်ပွင့်အဖြစ် နှင့် ဂျောင်ချောင်ဟို (Missing 9) ကအထက်တန်းစားအကျဉ်းကျအစောင့်တပ်သား အဖြစ် ဧည့်သည်သရုပ်ဆောင်အဖြစ်ပါ၀င်ကြမှာဖြစ်ပါတယ်။

အကျဉ်းသားနှင့် ထောင်စောင့် နှစ်ဆယ့်လေးဦးရဲ့ပုံပါတဲ့ဇာတ်လမ်းတွဲပိုစတာဟာစိတ်ဝင်စားဖို့ကောင်းလှပါတယ်။ ခရစ်စတယ် (Bride of the Water God 2017) ဟာဆိုရင်တော့ အရေးပါဆုံးအမျိုးသမီးဇာတ်ကောင်ဖြစ်သလိုရိုးရာ တိုင်းရင်းဆေးပညာကျောင်းသူအဖြစ်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။သူမရဲကဇာတ်ကောင်စရိုက်ဟာဆိုရင် သွေးဆူလွယ်သော ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးရှိသော တစ်ခါတစ်ရံစိတ်လိုက်မာန်ပါလုုပ်တတ်သော စရိုက်ဖြစ်ပါတယ်။

အခြားသောဇာတ်ကောင်များဖြစ်သည့်ကောင်ဆောင်ယွန်းကခိုးယူတတ်တဲ့အကျင့်ကိုမဖျောက်တတ်သူအဖြစ်လည်းကောင်း ၊ လီကွမ်ဟောင်ကမူးယစ်ဆေးဝါးသုံးစွဲသောကြောင့်နောက်တစ်ခါထောင်ထပ်ကျသောအကျဉ်းသားအဖြစ်လည်းကောင်း ၊ ဆောင်ဒေါင်အီ က အတွေ့အကြုံရင့်နေပြီဖြစ်သော ထောင်မှုးအဖြစ်လည်းကောင်း ၊ဂျန်ဝန်အင်းက ဒေါသကြီးသော စရိုက်ရှိသူအဖြစ်လည်းကောင်း ၊ ချွိုင်မိုအင်း(Lookout)ကအန္တရာယ်ရှိတဲ့အကျဉ်းသားအဖြစ် အသီးသီး သရုပ်ဆောင်ထားကြပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲ Smart Prison Living ကို နိုဝင်ဘာ ၂၂ရက်နေ့မှာ ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။

Source - Dramabeans

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။