သရုပ်ဆောင်မိုးယုစံဟာသူမရဲ့သားဦးလေးဖြစ်တဲ့Austinနဲ့အတူတူအမှတ်တရလေးတွေဖန်းတီးခဲ့တာပဲဖြစ်ပါတယ်။မိုးယုစံနဲ့ခင်ပွန်းဖြစ်သူကိုစွမ်းသူတို့ရဲ့ပထမဆုံးရင်သွေးငယ်လေးဖြစ်တဲ့သားဦးလေးကိုသြဂုတ်လကဂရန်းဟန်သာဆေးရုံကြီးမှာမွေးဖွားခဲ့တာဖြစ်ပြီးသြဂုတ်လမှာမွေးတဲ့ချစ်စရာသားလေးကိုAustinလို့အမည်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့မိုးယုစံဟာချစ်ရတဲ့သားလေးနဲ့ဓာတ်ပုံလေးတွေရိုက်ကူးခဲ့ ပြီးအမှတ်တရလေးတွေဖန်တီးခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလဲသားလေးနဲ့ရိုက်ကူးထားတဲ့ချစ်စရာပုံရိပ်လေးတွေကိုမျှဝေခဲ့တာကြောင့်ပရိသတ်တွေအချစ်ပိုစေခဲ့ရတာပဲဖြစ်ပါတယ်။မိုးယုစံတို့သားမိနှစ်ယောက်ရဲ့အမှတ်တရပုံရိပ်လေးတွေဟာတကယ်ကိုကြည်နူးစရာမိသာစုပုံရိပ်လေးတွေပါပဲပရိသတ်ကြီး။

မိုးယုစံဟာလက်ရှိမှာတော့သားလေးအတွက်အကောင်းဆုံးတွေကိုပဲကြိုးစားပြုစုပြိုးထောင်ပေးနေတဲ့မိခင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။သားလေးကိုလောကကြီးရဲ့အတွေ့အကြုံအသစ်အဆန်းတွေကိုပြသဖို့အပြင်တွေလဲလျောက်လည်ဖြစ်နေတာကိုလဲမြင်တွေ့ရတာပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့မိုးယုတို့သားမိနှစ်ယောက်ပုံရိပ်လေးတွေကိုလဲသူမရဲ့လူမှုကွန်ယက်မှာအမြဲမျှဝေလေ့ရှိတာကိုလဲတွေ့မြင်ရတာပဲဖြစ်ပါတယ်။နောက်ဆိုသားလေးနဲ့မာမီနဲ့အတူတူလည်လည်တွေမယ်ဒယ်ဒီကိုထားခဲ့မယ်ဆိုတဲ့စာလေးနဲ့ချစ်စရာသားမိနှစ်ယောက်အလည်သွားနေတဲ့ပုံရိပ်လေးတွေကိုရေးသားမျှဝေခဲ့တာပဲဖြစ်ပါတယ်။ 

မိုးယုစံဟာသူမရဲ့ချစ်ရတဲ့ခင်ပွန်း၊သားလေးတို့နဲ့အတူတူမိသားစုခရီးလေးထွက်ခဲ့ကြပြီးပျော်စရာမိသားစုအမှတ်တရလေးတွေလဲဖန်တီးခဲ့ကြတာပဲဖြစ်ပါတယ်။သားလေးနဲ့မိသားစုပထမဆုံးခရီးစဉ်လေးဖြစ်တာကြောင့်တကယ့်ကိုကြည်နူးစရာအမှတ်တရလေးတွေဖန်တီးလိုက်ကြတာပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလဲ " သားသားနဲ့မိသားစုပထမဆုံးHolidayTripလေးပါAustinလည်လည်သွားတဲ့ပုံလေးတွေတင်ပေးပါမယ်နော်သားသားကိုချစ်တဲ့မိုးယုချစ်ပရိသတ်တွေလဲအများကြီးကျေးဇူးတင်ပါတယ်ဆိုပြီးမျှဝေခဲ့တာပဲဖြစ်ပါတယ်။မိုးယုဟာသာယာရတဲ့အိမ်ထောင်သည်ဘဝလေးကနေမိခင်ရာထူးတိုးလာခဲ့တာဖြစ်ပြီးချစ်ရတဲ့မိသားစုလေးနဲ့စိတ်ချမ်းသာနေရတာပဲဖြစ်ပါတယ်။မိုးယုစံတို့သားမိနှစ်ယောက်ရဲ့အမှတ်တရပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - မိုးယုစံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။