ပိုလာဝက်ဝံတွေဆိုတာ မျိုးတုံးလုနီးပါးဖြစ်နေတဲ့ တိရစ္ဆာန် မျိုးစိတ်ထဲမှာလည်းပါပါတယ်။ သူတို့အကယ်၍သာ မျိုးစိတ်ပျောက်ကွယ်သွားလိမ့်မည် ဆိုရင် ပျောက်ကွယ်သွားရတဲ့ အကြောင်းအရင်းက ဒီလိုလူတွေကြောင့်ဖြစ်လိမ့်မယ်ထင်ပါတယ်။

မီးရူးမီးပန်းတွေကို လူမဆန်စွာထည့်ကျွေးပြီးနောက် ပိုလာဝက်ဝံ တစ်ကောင်ဝေဒနာတွေ အလူးအလဲ ခံစားနေရတဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာပြံ့နှံ့လာပါတယ်။ သူဟာ နှာခေါင်းကနေ သွေးတွေ စီးကျနေခဲ့ပြီး နာကျင်လွန်းလို့ လူးလိမ့်နေတဲ့ ဗီဒီယိုကို လူတစ်စု က ဗီဒီယိုရိုက်ထားတာပါ။ ထိုအဖြစ်အပျက်ဟာ ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့ပြီး စစ်တပ်က ဟင်းချက်တဲ့ စားဖိုမှူးက ကျွေးခဲ့တယ်လို့ပြောပါတယ်။ စာဖိုမှူးကတော့ ဒီဝက်ဝံဟာ သူ့ဆီမှာ နေ့တိုင်းအစာလာတောင်းစားနေကျလို့ပြောပါတယ်။

သူ့ဘာသာသူ မီးရူးမီးပန်းကို ကောက်စားမိတာဖြစ်ပြီး သူနှင့် ဘာမှ မဆိုင်ကြောင်းပြောကြားခဲ့ပါတယ်။ ထို့နောက် ထိုဝက်ဝံကို လိုက်ရှာတဲ့ အချိန်မှာ တောထဲဝင်ပြီးပျောက်ကွယ်သွားတာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ သို့သော်လည်း ဒီဖြစ်စဉ်ကို စစ်ဆေးတဲ့သူတွေကတော့ ဝက်ဝံဟာ တကယ်တော့ မီးရူးမီးပန်းအစား ဗျောက်အိုးကိုစားခဲ့တာပိုပြီးဖြစ်နိုင်တယ်လို့ပြောကြားခဲ့ပြီး ထို စစ်တပ်က သူတွေကပဲ သေနတ်နှင့် ပစ်သတ်ပြီး အလောင်းဖျောက်ခဲ့တယ်လို့ ပြောခဲ့သော်လည်း အတည်မပြုသေးပါဘူး။ ဘာပဲဖြစ်ဖြစ်သူ့ဘာသာသူနေနေတဲ့ ဝက်ဝံကို အဲ့ဒီလောက်ထိရက်စက်စရာလုံးဝ မလိုတာပါ။ အကယ်၍ စာဖိုးမှူးသာ လုပ်ခဲ့တယ်ဆိုရင် ထောင်ဒဏ် ၇ နှစ်ကျမှာဖြစ်ပါတယ်။ ဆင်လက် စစ်ဆေးနေပေမယ့်လဲ အပြစ်မဲ့တဲ့ ပိုလာဝက်ဝံကတော့ သေဆုံးသွားခဲ့ပါပြီ။

translated by Anna

Source: nonews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။