နာမည်ကျော် ဘောလုံးသမား ဂျာရတ်ပီကေး နဲ့ အဆိုတော် ရှာကီရာ တို့မိသားစု ရဲ့ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေ ကတော့ တကယ့်ကို ကြည်နူးစရာပါပဲ။ ရှာကီရာ ကတော့ သားနှစ်ယောက် မိခင်အဖြစ်နဲ့ ကလေးတွေကို ထိန်းကျောင်းနေရပါတယ်။ သူတို့် မိသားစုလေးဟာ မကြာခဏ ဆိုသလို ဘာစီလိုနာ မြို့ကလမ်းတွေ ပေါ်မှာ အတူတူ လျှောက်သွားနေတာကို တွေ့ရမှာပါ။

သားလေးနှစ်ယောက် မှာ တစ်ယောက်ရဲ့နာမည် ကတော့ မီလန်ပါ။ အသက်ကတော့ ၄ နှစ်ရှိပါပြီ။ နောက်တစ်ယောက်ကတော့ ဆာရှာပါ။ ဆာရှာကတော့ အသက် ၂ နှစ် နဲ့ ၈ လ ရှိပါပြီ။ တခါတရံ ဂျာရတ်ပီကေး ကလေးထိန်းကာ လျှောက်သွားနေတဲ့ ပုံရိပ်တွေကို လည်း ပရိသတ်တွေ မြင်တွေ့ရပါတယ်။ အဆိုတော် ရှာကီရာ ကို လည်း မိတ်ကပ်မပြင်ဆင်ဘဲ ကလေးတွေ နဲ့ ခင်ပွန်းနဲ့ အတူ ရံဖန်ရံခါတွေ့ရတတ်ပါတယ်။

ကလေးလေးတွေကလည်း တကယ့်ကို ချစ်စရာလေးတွေပါ။ ပွဲတက်တဲ့ အခါတွေမှာ လည်း သူတို့ မိသားစု အတူတူ ပွဲတက်လာလေ့ရှိပါတယ်။ တကယ့်ကို ချစ်စရာကောင်းပြီး ကြည်နူးဖို့ကောင်းတဲ့မိသားစုလေးပါ။ ပရိသတ်တွေ ပျော်ရွှင်ကြည်နူးစေဖို့ သူတို့မိသားစုလေးရဲ့ ဓာတ်ပုံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Source: International Celebrity news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။