အာဆင်နယ် အသင်း ကွင်းလယ်လူ အိုဇေးလ်ဟာ ၎င်းအနေဖြင့် အသင်းမှာ ကျောနံပါတ် ၁၀ ဂျာစီကို ၀တ်ဆင်ခွင့် ရရှိပါက အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုမယ်လို့ သိရပါတယ်။ လက်ရှိ အာဆင်နယ် အသင်းမှာ ကျောနံပါတ် ၁၁ ဂျာစီ ၀တ်ဆင်နေတဲ့ အိုဇေးလ်ဟာ အာဆင်နယ် အသင်းနှင့် အတူ ရာသီကုန်မှာ အာဆင်နယ် အသင်းနှင့် စာချုပ်ကုန်ဆုံးတော့မှာလည်း ဖြစ်ပါတယ်။ အိုဇေးကို အသင်းကြီး အများစုကလည်း စိတ်ဝင်စားနေပါတယ်။

အာဆင်နယ် အသင်းမှာ ကျောနံပါတ် ၁၀ ၀တ်ဆင်နေတဲ့ ကွင်းလယ်လူ ဂျက်ဝီရှိုင်းယားဟာ အနာဂတ် မရေမရာ ဖြစ်နေပြီး လာမယ့် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ အတွက်ကို စဉ်းစားနေတဲ့ အနေအထား ဖြစ်နေပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ် အသင်းနှင့် အတူ တစ်ပတ် ပေါင် ၃ သိန်းတန် စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ထားခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ အိုဇေးအပြင် ဆန်းချက်ကလာည်း ထွက်ခွာနိုင်ချေရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်တွေ သိပ်မကောင်းပါဘူး။ ဒါ့အပြင် အသင်းအနေဖြင့် ယခုရာသီမှာ ချန်ပီယံလိဂ် ၀င်ခွင့်မရထားပါဘူး။ အာဆင်နယ်ဟာ ယူရိုပါလိဂ်မှာသာ ကစားနေရတာပါ။ ဒါတွေက အိုဇေး အာဆင်နယ်က ထွက်ခွာချင်လိုတဲ့ အကြောင်းတစ်ချို့ပါပဲ။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။