ဟောလိ၀ုဒ်ရဲ့ ချစ်စရာအကောင်းဆုံးနဲ့ ပရိသတ်စိတ်ဝင်စားမှုအခံရဆုံး ဆယ်လီစုံတွဲလေးထဲမှာ One Direction အဖွဲ့ဟောင်း Zayn Malik နဲ့ ဗစ်တိုးရီးယားစီးကရက်မော်ဒယ် GiGi Hadid တို့စုံတွဲလေးက ထိပ်ဆုံးကပါပဲ။

ချစ်သူသက်တမ်း(၂)နှစ်နီးပါးရှိနေပြီဖြစ်တဲ့ Zayn နဲ့ ဂျီဂျီ တို့စုံတွဲလေးဟာ အမြဲတမ်းလိုလို ဒိတ်လုပ်လေ့ရှိပြီး အားလပ်ချိန်တွေမှာ ခရီးတွေလည်းအတူတူထွက်လေ့ရှိပါတယ်။

နှစ်ယောက်အတူပါ၀င်သရုပ်ဆောင်ထားတဲ့ သီချင်းလေးဖြစ်တဲ့ Pillow Talk ကလည်း ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေရရှိထားပါတယ်။

သူတို့နှစ်ဦးလုံးဟာ အနုပညာအလုပ်တွေလုပ်တာချင်းတူသလို ဒိတ်ဒိတ်ကျဲအောင်မြင်နေတဲ့ လူငယ်စုံတွဲလေးဖြစ်ပါတယ်။

ရည်းစားဟောင်းကိုယ်စီရှိခဲ့ဖူးပေမယ့် သူတို့အချစ်ရေးကတော့ အေးအေးဆေးဆေး ပါပဲ။

ဇန် သီချင်းဆိုရင် ဂျီဂျီက သွားအားပေးသလို ဂျီဂျီ ရှိုးလျှောက်ရင်လည်း ဇန်က သွားရောက်အားပေးပါသေးတယ်။

ဒီလိုလိုက်ဖက်ညီပြီး ရှေ့သွားနောက်လိုက်ညီတဲ့ သူတို့နှစ်ယောက်ဟာ နတ်ဖက်တဲ့စုံတွဲလို့တောင် ဆိုရမလိုပါပဲ။

သူတို့စုံတွဲလေးကိုချစ်တဲ့ပရိသတ်တွေရှိလား။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။