Valeria Valeryevna Lukyanovaရယ်လို့၊ ဘာဘီကောင်မလေးအဖြစ် အင်တာနက်မှာ နာမည်ကျော်ခဲ့တဲ့ သူမကို ယခုလိုတွေ့ရမယ်လို့ သင်ထင်ထားမှာမဟုတ်ပါဘူး။ 

တစ်ချိန်က အင်တာနက်ကလူတွေကို ခြောက်ခြားစေခဲ့တဲ့ ပလတ်စတစ်ဆာဂျရီကြီးကြီးမားမားပြုလုပ်ခဲ့တဲ့ Valeria ဟာ သက်ရှိဘာဘီကောင်မလေးရယ်လို့ အင်မတန် နာမည်ကြီးခဲ့တာပဲဖြစ်ပါတယ်။ သူမကိုဝေဖန်သူတွေရှိခဲ့ပြီး အားကျသူတွေလဲရှိခဲ့ကာ သူမကတော့ သူမလိုချင်တဲ့အိပ်မက်ကို ခွဲစိတ်မှူတွေ၊ နာကျင်မှုတွေ စတေးပြီးအရယူခဲ့တာပါ။

ဒါပေမယ့် လက်ရှိမှာတော့ Valeria ဟာ သူမရဲ့ဘာဘီအိပ်မက်ကို စွန့်လွှတ်ခဲ့တဲ့ပုံပါပဲ။ သူမဟာ အားကစားတွေလိုက်စားပြီး ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့အတူ သာမန်အမျိုးသမီးတစ်ယောက်လို ကြံကြံခိုင်ရပ်တည်နေတာက်ု တွေ့ရမှာပါ။ 

အင်တာနက်အသုံးပြုသူတွေဟာ သူမကို အရင်ပုံစံကနေ အတော်ခွဲထွက်သွားတာကို မြင်တွေ့ရမှာပါ။ အရင်လို လှလှပပ ဝတ်ထားတဲ့ ဘာဘီရုပ်ကလေးကနေ အခုဆို သန်မာတောင့်တင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။