မင်းသား Song Joong Ki နဲ့ မင်းသမီး Song Hye Kyo တို့မင်္ဂလာပွဲမတိုင်မီ သူနဲ့ မင်းသား Song Joong Ki တို့ ပြောဆိုဖြစ်ခဲ့ပုံကို မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ မင်းသား Lee Seo Won က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မင်းသား Lee Seo Won နဲ့ Song Joong Ki တို့ဟာ Blossom Entertainment အေဂျင်စီ တစ်ခုထဲမှာ ပဲ စာချုပ်ချုပ်ထားသူတွေပါ။

မင်းသား Song Joong Ki နဲ့ မင်းသမီး Song Hye Kyo တို့မင်္ဂလာပွဲကိုတက်ရောက်ဖြစ်ခဲ့သလား လို့ မင်းသား Lee Seo Won ကိုမေးမြန်းခဲ့ရာမှာတော့ “ကျွန်တော် MBC ရဲ့ drama ဖြစ်တဲ့ “Hospital Ship” ကို ရိုက်ကူးနေရတာဖြစ်လို့ သူတို့နှစ်ယောက် ရဲ့ မင်္ဂလာပွဲကို မတက်ရောက်ဖြစ်ခဲ့ပါဘူး။ တကယ့်ကို ကံမကောင်းတာပါဘဲ” လို့ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ မင်းသား Song Joong Ki ရဲ့ မင်္ဂလာပွဲမတိုင်ခင်မှာ Song Joong Ki ကို မင်္ဂလာပွဲ မလာဖြစ်တဲ့ အကြောင်း ဖုန်းလှမ်းဆက်ခေါ်ခဲ့ပါတယ်လို့ မင်းသား Lee Seo Won က ပြန်လည်ရှင်းပြခဲ့ပါတယ်။

Song Joon Ki က Lee Seo Won ကို “အိုကေ။ ငါနားလည်ပါတယ်။ မင်း မအားတော့ဘယ်လိုတတ်နိုင်ပါ့မလဲ။ ရုပ်ရှင်ဇာတ်ကားပေါ်မှာသာ အာရုံစိုက်ပါ”လို့ပြန်လည်ပြောကြားခဲ့ပါတယ်။ Lee Seo Won က "ကျွန်တော် သူ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ သူ အိမ်ထောင်ကျပြီး သတို့သားဖြစ်ပြီးနောက်မှာ ကျွန်တော်တို့် အတူ စားသောက်ရင်းတွေ့ကြဖို့ သဘောတူထားပါတယ်" လို့သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကို ပြန်လည်ဖောက်သည်ချ ခဲ့ပါတယ်။

Source: Korean Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။