သရုပ်ဆောင်နဝရတ်တစ်ယောက် ငွေဆောင်ကမ်းခြေမှာအပြတ်ကို အလန်းစားပုံစံနဲ့လန်းနေ ပါတယ်။ တစ်ယောက်တည်းဘဝက လွတ်လပ်တယ်ဆိုတာတကယ်မှန်ပါတယ်။ ကိုယ်သွား ချင်တဲ့နေရာကို သွားချင်တဲ့အချိန်မှာ လွတ်လွတ်လပ်လပ်သွားနိုင်တာ Single လေးတွေရဲ့ အားသာချက်ပေါ့။ အပျိုကြီးနဝရတ်တစ်ယောက်ဘဝကို အပူအပင်မရှိလွတ်လပ်စွာဖြတ်သန်း ပြီး ပျော်ပျော်ကြီးနေတာကိုကြည့်ရတာ အားကျစရာကြီးပါ ပရိတ်သတ်ကြီးရေ။

အခုလည်းငွေဆောင်ကမ်းခြေမှာ Pose အလန်းစားတွေနဲ့ အမိုက်စားဂိုက်ပေးကြမ်းထားတာ ပါ။ သူမဟာရုပ်ရှင်နဲ့ Video ဇာတ်ကားတော်တော်များများကိုရိုက်ကူးခဲ့ပြီး သူမကိုချစ်ခင် အားပေးတဲ့ ပရိတ်သတ်ကိုအခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် ပီပြင်ပိုင်နိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်စွာသရုပ်ဆောင်နိုင် တဲ့ အနုပညာ ရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ အကယ်ဒမီရွှေစင်ရုပ်ထုကို မပိုင်ဆိုင်ရ သေးသော်ညား သူမဟာအရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တယ်ဆိုတာ သူမရဲ့ပရိတ်သတ်တွေက သိကြပါတယ်။

သူမရဲ့ငွေဆောင်ကမ်းခြေ Fashion က အရမ်းကြီးဆန်းပြားနေသည်မဟုတ်သော်ညား ပုံစံလေး က အမြင်မှာတစ်မျိုးလေးဆန်းနေသလိုခံစားရပါတယ်။ လွတ်လပ်ပေါ့ပါးစွာပြုံးပျော်နေတဲ့သူမ ရဲ့ပုံရိပ်လေးတွေက တကယ့်ကိုကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်လွန်းနေတာပါ။ အပျိုကြီးနတ်ဝရတ်တစ်ယောက် ငွေဆောင်မှာဘယ်လိုတွေပျော်ပြီး ဘယ်လိုတွေ Pose ပေး နေတယ်ဆိုတာကို ပရိတ်သတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။