Myanmar Idol Season-2 မှာ အဆိုတော် ပိုးမီဟာ သူမရဲ့ မွေးနေ့မှာ ရွှေတိဂုံဘုရားမှာ ဆီမီးတစ်ထောင် ပူဇော်ခဲ့တယ်လို့ သိရပါတယ်..။

သူငယ်ချင်းများ၊ အနုပညာလောကမှမိတ်ဆွေသူငယ်ချင်းများတွေနဲ့အတူ ရဲနောင်၊ ခိုင်နှင်းဝေတို့ကလည်း သူမနဲ့အတူ သွားရောက်ပူဇော်ခဲ့တယ်လို့ သိရပါတယ်..။

မိုးမီနဲ့ ရဲနောင်တို့ နှစ်ယောက်ဟာ မြန်မာအိုင်ဒေါ အစီအစဉ်မှာ ဒုတိယအကြိမ် ပြိုင်ပွဲဝင် (၁၀)ယောက်ထဲမှာ ပါဝင်ခဲ့ပြီး လူသိများလာခဲ့ကာ ပရိသတ်အားပေးမှုများစွာကို ရရှိခဲ့တာ ဖြစ်ပါတယ်..။

အသက်(၂၉)နှစ်ပြည့် မွေးနေ့အလှူအဖြစ် နိုဝင်ဘာ(၁၀)ရက်နေ့ ညက ရွှေတိဂုံဘုရားမှာ ဆီမီးတစ်ထောင်ကို သွားရောက်ပူဇော်ခဲ့တာ ဖြစ်ပါတယ်..။

မွေးနေ့ညချမ်းလေးမှာတော့ ပရိသတ်တွေနဲ့ ဆီမီးပူဇော်ရင်း ပဌာန်းရွတ်ဖတ်ပူဇော်ခဲ့ပြီး မွေးနေ့ညချမ်းလေးကို ဖြတ်သန်းခဲ့တာပါတယ်..။

သူမရဲ့ မွေးနေ့လေးကို သူငယ်ချင်း ပရိသတ်တွေနဲ့အတူ ကုသိုလ်ယူပြီး ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရပါတယ်လို့ ဆိုပါတယ်..။

ရဲနောင်၊ မိုင်းမိုင်ဆိုင်း နျင့် အခြား သူငယ်ချင်းတွေကလည်း မွေးနေ့ဆုတောင်းစကားများ ပြောပေးထားတာ တွေ့ရပါတယ်..။

မြန်မာအိုင်ဒေါကနေ လူသိများခဲ့တဲ့ ပိုးမီနဲ့ ရဲနောင်တို့နှစ်ယောက်ဟာ အခုဆိုရင် အနုပညာလောကထဲ ဝင်ရောက်နေပြီ ဖြစ်ပါတယ်..။

အခမ်းအနားပွဲများ တတ်ရောက်ပြီး ပရဟိတပွဲများနှင့် ရှိုးပွဲတွေလည်း အဆက်မပြတ် သီဆိုဖျော်ဖြေနေရတယ်လို့လည်း သိရပါတယ်..။

ပိုးမီက ရုပ်ရှင်ဇာတ်ကားတစ်ကားရဲ့ ဇာတ်ဝင်တေးတစ်ပုဒ်ကို သီဆိုပေးနေရတယ်လို့ မကြာသေးခင်က သူမရဲ့ fb စာမျက်နှာ ရေးသားထားခဲ့ပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။