Pop သီချင်းလေးတွေနဲ့ ပရိတ်သတ်တွေကြားထဲရေပန်းစားခဲ့တဲ့ဟန်ထွန်းကတော့ ခုထိလူပျို ကြီးပါပဲတဲ့ ပရိတ်သတ်ကြီးရေ။ လူပျိုကြီးတောင်တော်တော်လူပျိုကြီးဖြစ်နေပြီလို့ဆိုပါတယ်။ သူ များသားသမီးကိုယူမယ်ဆို ပြည့်ပြည့်စုံစုံထားနိုင်မှပဲကောင်းမယ် မဟုတ်ရင်အားနာစရာကြီး လို့ဆိုပါတယ်။ တကယ့်ကိုယောကျာ်းကောင်းစိတ်ဓာတ်ရှိတဲ့သူပါ။ ဘောလုံးကန်လိုက် သီချင်းဆိုလိုက် လုပ်နေရတာကိုပဲ သူ့ဘဝမှာကျေနပ်နေတယ်လို့ဆိုပါတယ်။ အသက်ကြီး လာတဲ့အချိန်တွေအတွက် ကို ဆေးပေးမီးယူတစ်ယောက်လောက်တော့ရှာမယ်လို့ စိတ်ကူး ထားပေမယ့် လက်ရှိမှာတော့မရှိ သေးဘူးလို့ဆိုပါတယ်။

အရွယ်ကလွန်နေပြီဆိုတော့ အိမ်ထောင်ပြုဖို့ကိုတော်တော်လေးစဉ်းစားယူတဲ့အချိန်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဘောလုံးအားကစားမှာ အရမ်းကိုကျွမ်းကျင်ပိုင်နိုင်တယ်လို့မဟုတ်ပေမယ့်ဘော လုံးကန်နေရရင်ကိုပျော်နေတာဖြစ်တယ်လို့ဆိုပါတယ်။ စိတ်အပန်းဖြေစရာကတော့ဘောလုံး အားကစားပါလို့ဆိုပါတယ်။ ချစ်သူပိုင်ပိုင်နိုင်နိုင်မရှိသေးဘူးလို့လည်းဆိုပါတယ်။ Single ဘဝတွေက အများကြီးလွတ်လပ်တယ်ဆိုတာကို သဘောပေါက်နေတဲ့ပုံပါပဲ ပရိတ်သတ်ကြီး ရေ။

သီချင်းအေးအေးလေးတွေနဲ့ ပရိတ်သတ်တွေကိုဖမ်းစားခဲ့တဲ့ အဆိုတော်ဟန်ထွန်းတစ်ယော က် ဘယ်သူ့ကိုဘယ်လိုချစ်မိပြီး ဘယ်တော့စွံမလဲဆိုတာစိတ်ဝင်စားစရာကြီးပါ ပရိတ်သတ် ကြီးရေ။ လက်ရှိမှာတော့ Single ဘဝနဲ့ ကိုယ့်စိတ်ပျော်ရာ ကိုယ်သဘောကျရာလေးတွေ ကို လုပ်ရင်း အချိန်တွေကို ပျော်ပျော်ကြီးဖြတ်သန်းရင်း ပရိတ်သတ်တွေကိုဖျော်ဖြေနေတာပဲ ဖြစ်ပါတယ်။ လူပျိုကြီးကိုဟန်ထွန်းတစ်ယောက် အမြန်စွံပါစေလို့။

Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။