နာမည်ကျော် ကိုရီးယား အနုပညာရှင် နှစ်ယောက်ဖြစ်ကြတဲ့ ရိန်း နဲ့ ကင်ထယ်ဟီး တို့ရဲ့ မင်္ဂလာပွဲလေးကို သူတို့နှစ်ယောက်ကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်တွေ ၀မ်းသာဂုဏ်ပြုခဲ့ကြပါတယ်။ သူတို့နှစ်ယောက် မင်္ဂလာဆောင်ဖို့ စီစဉ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ လူသိနည်း စိတ်ဝင်စားဖွယ် အချက်တွေရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်တွေအတွက်ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ရိန်း နဲ့ ကင်ထယ်ဟီး တို့ ဇနီးမောင်နှံ နှစ်ယောက် ဟာ ပထမ တော့ ခရစ်စမတ် မင်္ဂလာပွဲ လေး ဆင်နွှဲဖို့ စိတ်ကူးပြင်ဆင်ထားတာပါတဲ့။ ဒါပေမယ့် အဲ့ဒီ့တုန်းက တောင်ကိုရီးယား နိုင်ငံမှာ နိုင်ငံရေး အခြေအနေ တွေ မငြိမ်မသက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ခရစ်စမတ် မင်္ဂလာပွဲ လေး မကျင်းပဖြစ်ခဲ့ပဲ သူတို့ရဲ့ မင်္ဂလာပွဲ အစီအစဉ်လည်းနှောင့်နှေးခဲ့ရပါတယ်။

ရိန်း ဟာ သူ့ရဲ့ သတို့သမီး ချောလေး ကင်ထယ်ဟီး အတွက်ရည်ရွယ်ပြီး "The Best Present" ဆိုတဲ့ သီချင်းကို သီဆိုလက်ဆောင်ပေးခဲ့ပါတယ်။ ရိန်းက "Your name forever will be the biggest happiness" ဆိုပြီးထည့်သွင်းသီဆိုခဲ့ပါတယ်။ ကင်ထယ်ဟီး ရဲ့ နာမည် ကိုပါ သီချင်းစာသားထဲမှာ ပါ၀င်အောင်သီဆိုသွားခဲ့ပါတယ်။ Kim Tae Hee ရဲ့ နာမည်မှာ "Tae" ဟာ "big" လို့ အဓိပ္ပာယ်ရပြီး "Hee" ကတော့ "happiness" လို့အဓိပ္ပာယ်ရပါတယ်။ 

ရိန်း နဲ့ ကင်ထယ်ဟီး တို့ဟာ မိသားစုနှစ်ဖက်လုံးနဲ့ အဆင်ပြေကြပါတယ်။ ကင်ထယ်ဟီး ရဲ့ အဖေက ရိန်းကို ချစ်မြတ်နိုးပြီး သူ ဂေါက်ရိုက်ကစားတိုင်း ရိန်းကို ခေါ်သွားလေ့ရှိပါသတဲ့။ မနှစ်တုန်းကလည်း ရိန်း နဲ့ ကင်ထယ်ဟီး တို့ မိသားစုနဲ့ အတူ ဂျယ်ဂျူးကျွန်းကို သွားရောက်လည်ပတ်ခဲ့ကြပါသေးတယ်။

ရိန်းနဲ့ ကင်ထယ်ဟီးတို့ နှစ်ဦးပေါင်း အိမ်ရာပိုင်ဆိုင်မှုတန်ဖိုး ဟာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ကင်ထယ်ဟီး ရဲ့ အိမ်ရာပိုင်ဆိုင်မှု ဟာ အမေရိကန် ဒေါ်လာ ၁၇ မီလီယံ လောက်ရှိပြီး၊ ရိန်း ရဲ့ အိမ်ရာ အဆောက်အအုံတွေပိုင်ဆိုင်မှုကတော့ ၂၅ မီလီယံ လောက် ပိုင်ဆိုင်ပါသတဲ့။

Source: Korean Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။