ပြည်သူ့အချစ်တော်မင်းသမီး နန္ဒာလှိုင်ဟာဆိုရင် လက်ရှိမှာပျော်ရွှင်သာယာအေးချမ်း တဲ့ အိမ်ထောင်ရေးလေးတစ်ခုကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့သမီးလေးသုံးယောက် ဖြစ်တဲ့ ဝတီ ရတီနဲ့ နဒီ ဆိုတဲ့ ချစ်စဖွယ်သမီးလေးသုံးယောက်ကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါ တယ်။ သူမရဲ့ခင်ပွန်းဖြစ်သူ ဦးဇေသီဟဟာဆိုရင်လည်း တိုင်းပြည်အတွက် အလှူငွေတွေ ထည့်ဝင်ပြီး တိုင်းပြည်ကောင်းကျိုး အတွက်ပံ့ပိုးပေးသူတစ်ယောက်လည်းဖြစ်ပါတယ်။ မိသားစု လိုက်အလှူတွေပြုလုပ်ပြီး ကောင်းမှူကုသိုလ်တွေခဏခဏပြုလုပ်နေတတ်တဲ့ ချစ်စရာ ကောင်းတဲ့မိသားစုလေးပဲဖြစ်ပါတယ်။

သူမခင်ပွန်းဟာရဟန်းဘဝကိုမြတ်နိုးလွန်းတာမို့ ဒီနေ့မှာပဲဒုလ္လဘရဟန်းအဖြစ် ၁၁ ရက် ဝတ် လိုက်တာပဲဖြစ်ပါတယ်။ သူမအနေနဲ့လည်း ဇနီးမယားကောင်း ပါရမီဖြည့်ဖက်ကောင်း ပီသစွာနဲ့ ခင်ပွန်းရဲ့ရဟန်းခံပွဲကို ပါဝင်အားဖြည့်ပေးပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေးသုံး ယောက်ကလည်း ဖခင်ရဲ့ကုသိုလ်ကောင်းမှုအတွက် ပါဝင်ကူညီပေးကြပါသေးတယ်။ အမြဲ အတူတူစည်းလုံးကြတဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးပါပဲ။ ယောဂီဝတ်စုံလေးတွေနဲ့ သား မိလေးယောက် အရမ်းကိုကျက်သရေရှိရှိ ကြည့်ကောင်းနေကြပါတယ်။

မြန်မာလူမျိုးတို့ရဲ့ ရိုးရာဓလေ့လဲဖြစ် မွန်မြတ်တဲ့အပြုအမူတစ်ခုလည်းဖြစ်တဲ့ ရဟန်းခံခြင်းအမှု ကို ပြုလုပ်တဲ့ခင်ပွန်းဖြစ်သူကိုပါရမီဖြည့်ဖက်ကောင်းအဖြစ်နဲ့ မင်းသမီးနန္ဒာလှိုင်က ပါရမီဖြည့် ပြီး ကူညီဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်။ သမီးလေးသုံးယောက်ကလည်း အရမ်းကိုအပြစ် ကင်းစင်ပြီး သန့်ရှင်းစင်ကြယ်တဲ့ ယောဂီဝတ်စုံလေးတွေနဲ့ မြင်ရတာ ကျက်သရေရှိလှပါ တယ်။ မိသားစုအားလုံးရဲ့ ကုသိုလ်ကောင်းမှုအတွက် သာဓုခေါ်ဆိုပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။