Miss Golden Myanmar Organization ရဲ့ Face of Beauty 2015 winner ဆုရှင် အလှမယ်ခြူးစစ်ဟန် ဟာ ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ အလှမယ်တွေထဲက တစ်ဦးဖြစ်ပါတယ်။ သူမဟာ အနုပညာကျောင်းဆင်း တစ်ဦးဖြစ်ပြီး အလှမယ်ပွဲတွေမှာလည်း ပါဝင်ခဲ့တဲ့ အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါတယ်။

ယခုတလော လူမှုစာမျက်နှာထက်မှာ Miss တစ်ယောက်ပီပီ ကောက်ကြောင်းလှပတဲ့ သူမရဲ့ ဓာတ်ပုံတွေဟာ နာမည်ကြီး ရေပန်းစားလို့နေပါတယ်။ လူမှုစာမျက်နှာထက်မှာ သူမရဲ့ တစ်နေ့တာလှုပ်ရှားမှုနဲ့ ခံစားချက်တွေကို ပရိသတ်တွေနဲ့ မျှဝေလေ့ရှိတဲ့ သူမဟာ သူမရဲ့ ဓာတ်ပုံတစ်ပုံမှာ

"ခေတ် ကိုက ဒီခေတ် ဆိုတော့

ခေတ်နဲ့အညီ ခေတ်မှီအောင်

တင် ပြရခြင်း ဖြစ်ပါတယ်

In the toilet

မှန်မြင်ရင် မနေနိုင် ရိုက်မိသူပါမောင်

CSH " ဆိုပြီး ဟာသလေးနှောပြီး ပြောထားပါတယ်။ 

လတ်တလောမှာတော့ အနုပညာနဲ့ပတ်သတ်တဲ့ အလုပ်လေးတွေလည်း လုပ်ကိုင်နေတာတွေ့ရပြီး ရှိုးပွဲတွေမှာလည်း မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။ နောက်ထပ် Miss ပွဲတွေ ထပ်ပြိုင်ဖို့ အစီအစဉ်ရှိမရှိကိုတော့ သူမရဲ့ ပရိသတ်တွေက သိချင်နေကြပြီး လက်ရှိမှာတော့ သူမဝါသနာပါတဲ့ အလုပ်တွေကို လုပ်ကိုင်ရင်း ပျော်ရွှင်နေတာကို တွေ့ရပါတယ် ပရိသတ်ကြီးရေ.....

Source: C

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။