ပြည်သူချစ်အဆိုတော်ဖြူဖြူကျော်သိန်းဟာဆိုရင် အသံသြဇာကောင်းကောင်းနဲ့ ပရိတ်သတ်တွေ ကို ဆွဲဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာခရစ်ယာန်ဘာသာဝင်တစ် ယောက်ဖြစ်ပြီး ပွဲတော်ရက်တွေတော်တော်များများမှာလည်း ဖျော်ဖြေတာကိုတွေ့ရပါတယ်။ သူမရဲ့အားကောင်းတဲ့ အသံကြောင့် သူမကိုအားပေးသူပရိတ်သတ်တွေကလည်းမနည်းပါဘူး။ Fashion ဒီဇိုင်းတွေကလည်း အလန်းဇယားတွေဆိုတော့ ဖြူဖြူတစ်ယောက် အများကြားမှာ ထင်ပေါ်နေတော့တာပေါ့။

ဒီနေ့မှာတော့သူမက ဧရာဝတီတိုင်း သာပေါင်းမြို့မှာရှိတဲ့ မြို့မနှစ်ခြင်းခရစ်ယာန်အသင်း တော်ဖွင့်ပွဲကို တက်ရောက်နေတာပဲဖြစ်ပါတယ်။ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်ဖဲကြိုးကိုဖြတ်ပေး ပြီး သီချင်းလည်းသီဆိုဖျော်ဖြေခဲ့ပါတယ်။ သူမကသူမရဲ့ထွက်ရှိပြီးသားသီချင်းတွေကို Album အသစ် ပြန်ထုတ်မယ်လို့လည်းဆိုပါတယ်။ မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ ဖွင့်ပွဲကိုတက်ရောက် ခဲ့တာဖြစ်ပြီး ဝတ်စုံလေးက သူမနဲ့အရမ်းကိုလိုက်ဖက်လွန်းပါတယ်။

ပွဲတက်တာနဲ့ပက်သက်ပြီး သူမရဲ့ Facebook မှာ ဧရာဝတီတိုင်းသာပေါင်းမြို့နယ်မြို့မနှစ်ခြင်း ခရစ်ယာန်အသင်းတော်ဖွင့်ပွဲကအမှတ်တရပုံလေးတွေပါ ပထမဦးစွာဘုရားသခင်ရဲ့ကျေးဇူး တော်ကိုချီးမွမ်းပါတယ်။ အဖက်ဖက်ကပါဝင်ကြတဲ့ကျေးဇူးတင်ထိုက်သူတစ်ယောက်စီတိုင်း ကိုလည်းကျေးဇူးတင်ပါတယ်။ ဒီနေ့ဝတ်စုံလေးအတွက်ဒီဇိုင်နာမမ #MayMyatWarSo HappyHeart ကိုလည်းထပ်ပြီးကျေးဇူးတင်ပါတယ်။ May God bless you all more abundantly! ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ သူမရဲ့ချစ်စရာပွဲတက်ဝတ်စုံလေးကို ပရိတ် သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။