သရုပ်ဆောင်မင်းသမီးသဉ္ဇာနွယ်ဝင်းဟာ ပရိတ်သတ်အခိုင်အမာရထားတဲ့ ပြည်သူ့အချစ် တော်လေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာအနုပညာလုပ်ငန်းကို ၇ နှစ်ကြာ လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ သူမ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာလုပ်ငန်းတွေကို မလုပ်ဖြစ် တော့ပဲ ခင်ပွန်းဖြစ်သူနဲ့ သာယာတဲ့အိမ်ထောင်ရေးလေးကို ဖန်တီးနိုင်ဖို့ကြိုးစားခဲ့တဲ့ သူတစ် ယောက်ဖြစ်ပါတယ်။ သူမတို့ရဲ့ ပထမဆုံး ကိုယ်ဝန်လေးရတော့လည်း ကလေးသန္ဓေသား ဘဝမှာကတည်းက အရမ်းကိုဂရုတစိုက်နဲ့ ချစ်ခင်ယုယခဲ့တာပဲဖြစ်ပါတယ်။ သူမဟာသူမရဲ့ သားဦးလေးကို ခွဲစိတ်ခြင်းမပြုပဲ သဘာဝအတိုင်း ရိုးရိုးမွေးခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့သားဦး လေးကိုမွေးဖွားသန့်စင်ပြီးတဲ့နောက်မှာ သူမအနေနဲ့အလှ အပဆိုင်ရာတွေမှာ ချို့ယွင်းမှု တစ်ချို့ရှိလာတာတွေကိုလည်း သူမအနေနဲ့ဂရုမစိုက်တော့ဘူးလို့ လည်းဆိုပါတယ်။

မိန်းကလေးတိုင်းဟာလှချင်ပေမယ့် ကိုယ့်သားသမီးနဲ့ယှဉ်လာရင် အလှအပဆိုတာ နောက်ဆုံး မှာပါတဲ့။ မင်းသမီးဘ၀ တုန်းကသုံးရက်တစ်ခါရိတ်ခဲ့ရတဲ့မျက်ခုံးမွှေးဟာလည်း အခုဆိုတစ်ဝက်ပဲ ကျန်တော့တဲ့အထိကိုပါးသွား တာဖြစ်ပါတယ်။ ခုချိန်မှာမီးတွင်းထဲမှာဆို ပေမယ့် စိတ်ဓာတ်မကျပဲ စိတ်အားတက်ကြွနေတယ်လို့ဆိုပါတယ်။ ဘယ်လောက်ထိနာကျင် မှုတွေခံစားပြီးမွေးခဲ့ရတယ်ဆိုတာ သူမကိုယ်တိုင်ပဲသိပါတယ်တဲ့။ ဆရာဝန်ကအနာမခံနိုင် ရင်ဆေးတစ်မျိုးထိုးလို့ရတယ်ဆိုပေမယ့် သူမ အနေနဲ့ ကိုယ့်ရဲ့ရင်သွေးလေး တစ်ခုခုဖြစ်မှာ စိုးရိမ်တဲ့စိတ်နဲ့ကိုယ်တိုင်အနာခံပြီး ည ၁ နာရီကျော်ကနေနေ့လည် ၁၂ နာရီကျော်ထိ နာကျင် မှုကို တောင့်ခံခဲ့တယ်လို့ဆိုပါတယ်။ မိခင်မေတ္တာဟာ တကယ့်ကိုနှိုင်းယှဉ်မရလော က်အောင် ကြီးမားလွန်းပါတယ်ပရိတ်သတ်ကြီးရေ။

ကိုယ်ဝန်ဆိပ်တက်ပြီး တကိုယ်လုံးဖောနေပေမယ့် ကိုယ့်ကိုယ်ကိုယ်ကျေနပ်မိတယ်လို့ဆိုပါ တယ်။ သူမဟာခန္တာကိုယ် အမြဲလှလှလေးဖြစ်ချင်လို့ ညစာရှောင် အဆီတွေမစားပဲနေ ခဲ့သူပါ။ ကလေးမွေးပြီးပေမဲ့ ပူနေတဲ့သူမရဲ့ဗိုက်ကိုကိုယ်တိုင်ကြည့်ရင်း သားလေးဒီဗိုက်ထဲမှာ ၃၈ပတ်နေခဲ့တာကို ဂုဏ်ယူမိ တယ်လို့ဆိုပါတယ်။ သူမကမိခင်နို့တစ်မျိုးထဲ တိုက်ချင်တဲ့တာ ကြောင့် နို့ထွက်ဖို့အတွက်အဟာရရှိတဲ့ အစားတွေစားနိုင်တာထက်ပိုစားတာကြောင့် သူမရဲ့ သားလေး နို့တိုက်ကျွေးလို့ရနေပြီလို့ဆိုပါတယ်။ ဝမယ်ဆိုတာသိပေမယ့် မိခင်ဆိုတဲ့ အသိစိတ် က အားလုံးကိုအနိုင်ယူပါတယ်လို့လည်းဆိုပါတယ်။ အိပ်ချိန်မမှန်သေးတဲ့သားလေး သုံးနာရီ တစ်ခါနို့ဆာတတ်လို့နို့ထထတိုက်ပေးပြီး တစ်ရက်လုံးဒီအတိုင်းသူ့အတွက်အချိန်ပေးနေရတဲ့ အမေတစ်ယောက် က skincare သုံးဖို့တောင်စိတ်မဝင်စားတော့ဘူးတဲ့။ ကိုယ်လှလှလေး နေမလား သားလေးအဟာရပြည့်ပြည့်နဲ့ကြီးလာပြီးမှ ဝိတ်ချမလားဆိုတာ ရွှေးစရာမှမလို တာလို့သူမကဆိုပါတယ်။

ခင်ပွန်းဖြစ်သူနဲ့ မိသားစုဝင်တွေရဲ့အားပေးချစ်ခင်မှုတွေကြောင့်လည်း သူမစိတ်ချမ်းသာရ တယ်လို့ ဆိုပါတယ်။ ဒီလိုစိတ်ချမ်းသာရတဲ့အခုအချိန်ကို အရမ်းတန်ဖိုးထားတယ်လို့ ဆိုပါ တယ်။ ကိုယ့်ကို ပြောင်းလဲသွားပြီလို့ထင်တဲ့လူတွေကိုအပြစ်မမြင်ပါဘူး ကိုယ်လည်းမသိခဲ့ဘူး လေ။ နောက်ဆုံးအနေနဲ့ ချစ်တဲ့သူတွေအတွက်ကျန်းကျန်းမာမာနေနေတယ်နော်။ ကိုယ့်ကို ချစ်တဲ့သူတွေအားလုံးကိုချစ်ပါတယ်။ ချစ်တယ်ဆိုတာအရမ်းလှတယ်အရမ်းတန်ဖိုးရှိတယ် အရမ်းအေးချမ်းပါတယ်လို့ သူမရဲ့ Facebook Account ကနေ ပြောထားပါတယ်။ မိဘတွေရဲ့ အနှိုင်းမဲ့တဲ့ မေတ္တာတရားကို ကိုယ်တိုင်မိဘဖြစ်လာတဲ့အခါသိကြတယ်လို့ လူကြီးသူမတွေ ဆိုဆုံးမဖူးပါတယ်။ မင်းသမီးအနေနဲ့တော့ မိခင်မေတ္တာဆိုတာကို အကောင်းဆုံးချပြသွား နိုင်ပါတယ်။

Photo - My Dream

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။