The X- Factor ရဲ့ Artist Week မှာ ပလေးဘွိုင်းသန်းနိုင်ရဲ့ သီချင်းတွေ သီဆိုခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ အန်ကယ်လ် ဦးသန်းနိုင်ကိုယ်တိုင် လာရောက် အားပေးခဲ့တာမို့ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတယ် ဆိုလည်း မမှားပါဘူး။ ကိုယ်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်ဖို့အတွက် မဲပေးဖို့လည်း မမေ့ကြပါနဲ့နော်

ပထမဆုံး တင်ဆက်သူဖြစ်တဲ့ David Derrick (Voting Number – X11) ကတော့ “မာနမင်းသား” သီချင်းကို Performance အပြည့်နှင့် အမှားအယွင်းမရှိ သီဆိုတင်ဆက်သွားခဲ့ပါတယ်။ ဒီညအတွက် သူ၏ ဖျော်ဖြေတင်ဆက်မှုကလည်း ချစ််စရာကောင်းလွန်းတာမို့ နှုတ်ခမ်းနီမလေးတွေကလည်း ဆက်လက်အားပေးဖို့ကို မျှော်လင့်ပါတယ်။

ယမုံ (Voting number – X03) က “ကိုယ်ရေးရာဇဝင်” သီချင်းကို ခံစားချက်များနှင့် အမှားအယွင်းမရှိ သီဆိုသွားနိုင်ခဲ့ပါတယ်။ Bottom ထိုင်ရတာ နှစ်ပတ်မို့ bottom queen လို့ စနောက်နေကြပေမဲ့ ဒီတစ်ပတ်မှာတော့ Bottom မထိုင်ရအောင် ပရိတ်သတ်ကြီးက အားပေးပါဦးနော် ။ 

G Mine Nar (Voting Number – X10) က “သုံးရာသီချစ်သူ” သီချင်းကို ခံစားချက်အပြည့် Performance အပြည့်နှင့် သီဆိုဖျော်ဖြေခဲ့ပါတယ်။ သူရဲ့ ဖျော်ဖြေတင်ဆက်မှုကို နှစ်သက်ခဲ့တယ်ဆို မဲပေးဖို့လည်း မမေ့ပါနဲ့သီးနော်။

မယ်လိုဒီခေါင် (Voting Number – X08) ကတော့ “ပလပ်စတစ်အချစ်” သီချင်းလေးကို ချစ်စရာကောင်းကောင်းနဲ့ သီဆိုတင်ဆက်ခဲ့ပါတယ်။ သီချင်းလည်းဆိုရင်း ကလည်း ကရင်း ဖျော်ဖြေခဲ့တဲ့ သူမကိုလည်း အားပေးကြဖို့ မျှော်လင့်ပါတယ်။ 

ကျော်ဇင်သန့် (Voting Number – X12) က “လမ်းဆက်လျှောက်မယ်” သီချင်းကို အမှားအယွင်းမရှိ ခံစားချက်အပြည့်နှင့် သီဆိုတင်ဆက်သွားခဲ့ပါတယ်။ ပရိတ်သတ်ကြီးက သဘောကျနှစ်သက်တယ်ဆိုရင် မဲပေးကြပါဦးနော်။

Oxygen (Voting Number – X06) အဖွဲ့ကတော့ “အနှေးရထား” သီချင်းကို သီဆိုဖျော်ဖြေခဲ့ပါတယ်။ Groups Category မှာ တစ်ဖွဲ့တည်း ကျန်ရှိနေပြီး ဒီအချိန်အထိ ရပ်တည်ခဲ့တဲ့ Oxygen အဖွဲ့ကိုလည်း နောက်ထပ်တစ်ဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် တက်ရောက်နိုင်ဖို့အတွက် ပရိတ်သတ်ကြီးကလည်း မဲပေးကြပါဦး။

ပရိတ်သတ်များအနေနဲ့ မဲပေးတဲ့အခါ MPT – 8606, Telenor – 6666, Ooredoo – 6002 နံပါတ်များကို ပြိုင်ပွဲဝင်များရဲ့ ကုဒ်နံပါတ်တစ်ခုတည်းကိုသာ ရိုက်နှိပ်ပြီး SMS ပေးပို့ပေးရမှာပဲ ဖြစ်ပါတယ်။ online ကနေ မဲပေးချင်တယ်ဆိုရင်တော့ https://apps.facebook.com/forevergroup/the-x-factor-myanmar-2017-voting မှာ မဲပေးနိုင်ပါတယ်။ facebook online account (one account >>> one vote) နှင့် SIM card တစ်ကဒ်ဆို (ဖုန်းနံပါတ် တစ်ခု) ဆိုလျှင် မဲတစ်စောင်သာ ပေးခွင့်ရှိတယ်ဆိုတာကိုလည်း မမေ့ပါနဲ့နော် ….

သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် … <3 <3 <3  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။