မင်းသမီးချောလေး စိုးပြည့်သဇင်ဟာ သူမတို့ရဲ့ အဝေးသင်တက္ကသိုလ် အာစရိယပူဇော်ပွဲမှာ အခမ်းအနားမှူးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်..။

၂၀၁၇ ခုနှစ် ရန်ကုန်အရှေ့ပိုင်း အဝေးသင် တက္ကသိုလ် မြန်မာစာမေဂျာမှာ အာစရိယ ပူဇော်ပွဲ ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်..။

ထိုအခမ်းအနားပွဲမှာ စိုးပြည့်က တေးသီချင်းများနဲ့ သီဆိုဖျော်ဖြေခဲ့ပြီး အာစရိယ ပူဇော်ပွဲအတွက် ကျောင်းသား ကျောင်းသူများ ထံမှ အလှူငွေများလည်း ပါဝင်ကောက်ခံခဲ့တယ်လို့ သိရပါတယ်..။

ကိုယ်တတ်နေတဲ့ ကျောင်းမှာ ဆရာ၊ ဆရာမများကို ကန်တော့ပြီး ကျောင်းသူတစ်ယောက် အနေနဲ့ တတ်အားသရွေ့ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာခဲ့ရပါတယ်လို့ ဆိုပါတယ်..။

အဲ့ဒီအကြောင်းကို မင်းသမီးချောလေး စိုးပြည့်က သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်..။

“ဒီနေ့ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မြန်မာစာမိသားစု (အဝေးသင်)အာစရိယပူဇော်ပွဲမှာအခန်းအနားမှူးအဖြစ်ပါဝင်ခဲ့ပါတယ်...။

သီချင်းလည်းဆိုတယ်ပေါ့နော်.... ကိုယ်တကယ်တက်နေတဲ့ ကျောင်းမှာဆရာဆရာမတွေကို ကန်တော့ပြီးကျောင်းသူတစ်ယောက်အနေနဲ့ တတ်အားသရွေ့ပါဝင်ပေးခွင့်ရတာအရမ်းဝမ်းသာမိပါတယ်ရှင်..” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

မင်းသမီးချောလေး အကယ်ဒမီ စိုးပြည့်သဇင်ကတော့ အားပေးမှုအခိုင်အမာရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်..။

သူမဟာ အောင်မြင်တဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်တဲ့ အပြင် တေးသီချင်းတွေသီဆိုဖျော်ဖြေရာမှာလည်း ပရိသတ်တွေအားပေးမှုများစွာ ရှိခဲ့ပါတယ်..။

အနုပညာအလုပ်တွေနည်းပါးသွားတဲ့ စိုးပြည့်ဟာ လတ်တလောမှာတော့ အဝေးသင်တက္ကသိုလ် တတ်ရောက်နေတာ ဖြစ်ပါတယ်..။

Source - စိုးပြည့်သဇင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။