မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကတော့ စားချင်တာ စားရလို့ ပျော်နေတယ်လို့ ဆိုပါတယ်..။

မအေးသောင်းဟာ ရိုက်ကူးရေးတစ်ခုအတွက် ယောနယ်ကို ရောက်ရှိနေတာ ဖြစ်ပြီး ယောနယ်ရဲ့ သဘာဝအလှတွေနဲ့ အတူ ပျော်နေပုံရပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ယောနယ်ရောက်ရှိနေတဲ့ ဓာတ်ပုံတွေကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေခဲ့ပါသေးတယ်..။

ယောနယ်သဘာဝရှုခင်းတွေနဲ့အတူ သူမရဲ့ ဓာတ်ပုံတွေကို မကြာခဏတင်ပြီး အခုလည်း ဈေးသက်သက်သာသာနဲ့ စားချင်တာ စားနေရတဲ့အတွက် ပျော်လို့ နေပါတယ်..။

အဲ့ဒီအကြောင်းကို မအေးသောင်းက သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်..။

“အကြော်စုံ စားတယ်.. မုန့်ပေါင်းစားတယ်.. သဘောၤသီးချဉ်စပ်ကြော်စားတယ်

စုစုပေါင်း ၆၀၀ ကျတယ်.. ကိုယ်ပျော်တယ် ဒါပါပဲ” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

ပရိသတ်အချစ်တော် မင်းသမီးချောလေး အေးဝတ်ရည်သောင်းဟာ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရေးအတွက် အခြားအနုပညာရှင်များနှင့် ရိုက်ကူးရေးအဖွဲ့သားတွေနဲ့အတူ ယောနယ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်..။

အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ သူမဟာ ဇာတ်ရုပ်နှစ်ခု နှစ်ဘ၀ သရုပ်ဆောင်ရမှာဖြစ်တဲ့ အပြင် ပထမဆုံး ပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး အရမ်းစိတ်လှုပ်ရှား ရင်ခုန်နေတယ်လို့ ဆိုပါတယ်..။

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးဟာ ဆရာတော်အရှင်ဆန္ဒာဓိက “အသေလှတဲ့သူ” စာအုပ်မှ ဖြစ်ရပ်မှန်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပြီး နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း တို့က ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်..။

ပရိသတ်အချစ်တော် မင်းသားချောနေတိုးကလည်း ဇာတ်ရုပ်နှစ်ခု နှစ်ဘ၀ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး ပြည့်သူ့အချစ်တော် မင်းသမီးချောလေး ဖွေးဖွေးကတော့ နေတိုးရဲ့ အမေဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်..။

Source - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။