သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းဟာ လျှောက်လည်ရင်း ရှုခင်းလေးတွေလှလို့ ဓာတ်ပုံရိုက်မိတယ်လို့ ဆိုပါတယ်..။

ခရီးတွေ ဆက်တိုက်ထွက်နေတဲ့ ဝိုင်းစုကတော့ အခုခါမှာတော့ ကလောမြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်..။

သာယာတဲ့ ကလောမြို့ရဲ့ သဘာဝရှုခင်းတွေနဲ့အတူ သူမကတော့ လျှောက်လည်ကာ စိတ်ကြည်နူးပျော်ရွှင်နေပါတယ်..။

နိုဝင်ဘာ(၁၁)ရက်နေ့မှာတော့ သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ ဓာတ်ပုံလေးတွေတင်ပြီး အခုလိုရေးသားထားပါတယ်..။

“ဒီနေ့ လျှောက်လည်ရင်း ရှုခင်းလေးတွေ လှ လို့ ဓာတ်ပုံ ရိုက်မိ လိုက်တယ်။ စိတ် မဆိုးရဘူးနော်..” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

ဓာတ်ပုံတွေထဲမှာ အေးချမ်းသာယာလှတဲ့ သဘာဝရှုခင်းတွေနဲ့အတူ သူမကတော့ အေးဆေးတည်ငြိမ်ပြီး စိတ်အေးချမ်းနေပုံရပါတယ်..။

ဝိုင်းစုဟာ မော်လ်ဒယ် သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပြီး တေးသီချင်းကောင်းလေးတွေ သီဆိုဖျော်ဖြေပြီး သရုပ်ဆောင်ပိုင်းမှာ အောင်မြင်သလို တေးသီချင်းတွေ သီဆိုဖျော်ဖြေရာမှာလည်း ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ အမျိုးသမီးတေးသံရှင် အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်..။

တေးသီချင်းကောင်းတွေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ဝိုင်းစုဟာ လာမယ့် ဒီဇင်ဘာလထဲမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်ကျင်းပသွားမယ့်လို့ ဆိုပါတယ်..။

တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုလည်း သူမရဲ့ ပရိသတ်တွေ တောင်းဆိုချက်အရ ရန်ကုန်နဲ့ မန္တလေး နှစ်မြို့လုံးမှာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်..။

ရန်ကုန်ပွဲကို သူမရဲ့ မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ (၂၄)ရက်နှေ့မှာ ပြုလုပ်ပြီး မန္တလေးပွဲကိုတော့ (၁၆ . ၁ . ၂၀၁၈) မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်..။

လတ်တလောမှာလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေပြီး သီချင်းတွေလည်း တိုက်နေတယ်လို့ ဆိုပါတယ်..။

Source - Wyne Su Khaing Thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။