Song Hye Kyo’s Bouquet (မင်းသမီး Song Hye Kyo ရဲ့ ပန်းစည်း)

မင်းသမီး Song Hye Kyo ဟာ Lily of The Valley ဆိုတဲ့ ပန်းစည်းလေးကို ကိုင်ဆောင်ထားခဲ့ပါတယ်။ အဲ့ဒီ့ပန်းဟာ မင်းသမီး Kate Middleton သူမရဲ့ မင်္ဂလာပွဲအတွက် ရွေးချယ်ခဲ့တဲ့ ပန်းနဲ့ အတူတူပါဘဲ။ အဲ့ဒီ့ပန်းမှာ အဓိပ္ပာယ်ပေါင်းများစွာ ရှိပါတယ်။ မင်္ဂလာဆောင်ချိန် ကိုင်ဆောင်ထားရင်တော့ "ပျော်ရွှင်မှု" ကိုရည်ညွှန်းပါတယ်တဲ့။ မင်းသမီး Song Hye Kyo ကိုင်ဆောင်ခဲ့တဲ့ ပန်းစည်းဟာ အလွန်စျေးကြီးတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ့ပန်းဟာ နွေဦးပေါက်ရာသီမှာသာ ဖူးပွင့်ပြီး ကိုရီးယားမှာ ပေါက်ရောက်ခြင်းမရှိလို့ပါတဲ့။ နာမည်ကျော်ကြားခြင်းမရှိတဲ့ သူမရဲ့ သူငယ်ချင်း ပန်းချီရေးဆွဲသူတစ်ယောက်က အဲ့ဒီ့ပန်းကို ရရှိခဲ့ပါတယ်။

Lee Kwang Soo’s Letter (Lee Kwang Soo ရဲ့စာ)

Lee Kwang Soo က Song Joong Ki ရဲ့ မင်္ဂလာဆောင်ပွဲ မှာ သူ့ရဲ့ ညီအစ်ကို စိတ်ဓာတ်ကို ပြသဖို့ မပျက်ကွက်ခဲ့ပါဘူး။ Lee Kwang Soo က "ကျွန်တော်ချစ်ခင်ရတဲ့ Joong Ki နဲ့ ဇနီး Hye Ko လို့အစချီပြီး၊ Hye Kyo ရေ ငါ့သူငယ်ချင်း Joong Ki ကို ကျေးဇူးပြုပြီး ဂရုစိုက်ပါ" လို့ အဆုံးသတ်ထားတဲ့ စာအရှည်ကြီးကို အသံကျယ်ကြီးနဲ့ ဖတ်ပြခဲ့ပါတယ်။

Ok Joo Hyun’s Congratulatory Song (Ok Joo Hyun ရဲ့ ဂုဏ်ပြုသီချင်း)

မင်းသမီး Song Hye Kyo ရဲ့ အခင်ဆုံးသူငယ်ချင်း အဆိုတော် Ok Joo Hyun က မင်္ဂလာပွဲမှာ ဂုဏ်ပြုသီချင်းသီဆို ပေးခဲ့ပါတယ်။ တခြားရိုးရာသီချင်းတွေအများကြီးရှိသော်လည်း Song Song စုံတွဲ က Disney ရဲ့ Aladdin ရုပ်ရှင်ထဲက "A Whole New World" ကို သီဆိုပေးဖို့ သူမကို တောင်းဆိုခဲ့ပါသတဲ့။

Tears of Joy (၀မ်းသာမျက်ရည်)

မျက်မြင်တွေ့ရှိခဲ့သူများရဲ့ ပြောဆိုချက်အရ Song Joong Ki နဲ့ Song Hye Kyo တို့နှစ်ယောက်လုံး မင်္ဂလာပွဲမှာ ၀မ်းသာလွန်ပြီးမျက်ရည်ကျခဲ့ ကြပါတယ်တဲ့။ သူတို့နှစ်ယောက် ကို ကြည့်ပြီး ပွဲကိုတက်ရောက်လာကြတဲ့ ပရိသတ်တွေလည်း ၀မ်းသာလွန်ပြီး မျက်ရည်ဝဲခဲ့ရပါတယ်။

The Song Song Honeymoon

မင်္ဂလာပွဲ ပြီးလျှင်ပြီးချင်း Song Song စုံတွဲဟာ သူတိုရဲ့ ဟန်းနီးမွန်းခရီးစဉ် အဖြစ် ဥရောပကို လေယာဉ်နဲ့ ထွက်ခွာသွားခဲ့ပါတယ်။ ပရိသတ်တွေ အလွန်စိတ်ဝင်စားနေတဲ့ ကြားက စီစဉ်ထားသကဲ့သို့ သတင်းစာရှင်းလင်းပွဲတောင် မပြုလုပ်ခဲ့ပါဘူး။ 

Source: Korean Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။