ကိုရီးယားအနုပညာလောကမှာပရိသတ်တွေအားပေးမှုအခိုင်အမာရှိနေပြီဖြစ်တဲ့မင်းသမီးချောLee Su Ryeon ရဲ့ဘဝရပ်တည်မှုဖြတ်သန်းခဲ့ပုံတွေဟာတော်တော်လေးကိုအံ့သြလောက်စရာဖြစ်နေခဲ့ပါတယ်။Lee Su Ryeon ဟာအနုပညာလောကထဲကို မဝင်ရောက်ခင်မှာ တောင်ကိုရီးယား သမ္မတရဲ့ ပထမဦးဆုံး အမျိုးသမီးကိုယ်ရံတော်အဖြစ်အိမ်ပြာတော်မှာတာဝန်ထမ်းဆောင်ဖူးခဲ့သူပဲဖြစ်ပါတယ်။

Lee Su Ryeonဟာငယ်စဉ်ထဲကနူးညံ့

ပျော့ပျာင်းတဲ့မိန်းမသားတစ်ယောက်အဖြစ်နေထိုင်မှုကိုမနှစ်ခဲ့တဲ့သူပဲဖြစ်ပါတယ်။အရွှယ်ရောက်လာကတည်းကယောကျာၤးလျှာတစ်ယောက်လို နေထိုင်လာခဲ့သူဖြစ်ပြီး  ကြမ်းတမ်းတဲ့တိုက်ခိုက်မှုတွေကိုလိုလားတဲ့သူဖြစ်ချင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် Lee SuRyeonဟာငယ်

ရွှယ်စဉ်ကတည်းကအတိုက်အခိုက်ရေးရာကိုယ်ခံပညာတွေကိုလေ့လာဆည်းပူးခဲ့ပြီးအတော်လေးကိုတတ်ကျွမ်းတဲ့အဆင့်ထိရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုနဲ့Lee SuRyoneဟာသူမဝါသနာပါတဲ့အတိုက်အခိုက်ရေးရာပညာရပ်တွေနဲ့တာဝန်းထမ်းဆောင်ရမယ့်သမ္မတရဲ့လုံခြုံရေးကို တာဝန်ယူရသူအဖြစ် ဝင်ရောက်အရွေးခံခဲ့ပြီး တောင်ကိုရီးယးသမ္မတရဲ့ပထမဆုံးအမျိုးသမီးကိုယ်ရံတော်အဖြစ်ရွေးချယ်ခံလိုက်ရတာပဲဖြစ်ပါတယ်။ပထမဆုံးအမျိုးသမီးကိုယ်ရံတော်အဖြစ်ရွေးချယ်ခံလိုက်ရပြီးတဲ့နောက်မှာတော့ကိုယ်ရံတော် Lee SuRyeonဟာကိုရီးယား

သမ္မတသုံးဦးအပါအဝင်ဂျပန်ဝန်ကြီးချုပ်Abe၊အမေရိကန်သမ္မတဂျော့ဘုချ်နဲ့အခြားနိုင်ငံများမှတော်ဝင်မိသားစုရဲ့လုံခြုံရေးအပိုင်းတွေကိုပါတာဝန်ယူပေးခဲ့ဖူးတယ်လို့သိရပါတယ်။

Lee Su Ryeon နိုင်ငံခေါင်းဆောင်တွေရဲ့

လုံခြုံရေးအပိုင်းကိုတာဝန်ယူဆောင်ရွှက်နေတဲ့ကိုယ်ရံတော်တစ်ယောက်ဖြစ်ပေမယ့်လဲချောမောလှပတဲ့သူမရဲ့ရုပ်ရှည်ရူပကာကြောင့်အာရပ်စော်ဘွားမင်းသားတစ်ဦးရဲ့ စော်ဘွားမင်းသမီးအဖြစ်လက်ထပ်တင်မြှောက်ဖို့အထိပါကမ်းလှမ်းခံခဲ့ရဖူးတာပဲဖြစ်ပါတယ်။သို့သော် Lee Su Ryeon ဟာ မက်လောက်စရာကောင်းတဲ့ ကမ်းလှမ်းချက်ကိုငြင်းပယ်ခဲ့ပြီးသူမဆယ်စုနှစ်တစ်ခုလောက် လုပ်ကိုင်ခဲ့တဲ့ သမ္မတလုံခြုံရေးအလုပ်ကို အနားယူကာ ရုပ်ရှင်နယ်ပယ်ထဲ ဝင်ရောက်လာခဲ့ပါတယ်။

လက်ရှိမှာတော့သူမဟာဆယ်နှစ်လောက်ဝတ်ခဲ့တဲ့အနက်ရောင်ကိုယ်ရံတော်အဝတ်အစားများကိုအနားပေးခဲ့ပြီးရုပ်ရှင်မင်းသမီးတစ်ယောက်အဖြစ်ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေရရှိနေပြီးပဲဖြစ်ပါတယ်။

Reference - Myanmar Forward 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။