ပိုင်တံခွန်ကတော့သူရဲ့ခန္ဓာကိုယ်ဘော်ဒီကောက်ကြောင်းအလှတွေကိုပရိသတ်တွေအတွက်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ရေကူးကန်မှာရိုက်ကူးထားတဲ့သူရဲ့လှပတဲ့ခန္ဓာကိုယ်ဘော်ဒီကြွက်သားတွေကိုဖော်ပြလိုက်တာကြောင့်မိန်းကလေးပရိသတ်တွေအသဲတဖြုတ်ဖြုတ်ကြွေခဲ့ကြရတာပဲဖြစ်ပါတယ်။ရေစိုအလှနဲ့အတူပိုင်တံခွန်ရဲ့လှပတဲ့ခန္ဓာကိုယ်ကြွက်သားအလှတွေကတော့ယောကျာ်းဆန်ပြီးကြည့်ကောင်းလှပါတယ်။ပိုင်တံခွန်ရဲ့လှပတဲ့ခန္ဓာကိုယ်ဘော်ဒီကောက်ကြောင်းတွေနဲ့အတူဖုံးကွယ်ထားတဲ့အလန်းစားတက်တူးတွေပါဖော်ပြလိုက်တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ပိုင်တံခွန်ဟာမန္တလေးကိုရောက်ရှိနေတာဖြစ်ပြီးမန္တလေးကHotel Victory Pointကရေကူး

ကန်မှာသူရဲ့ခန္ဓာကိုယ်ဘော်ဒီကောက်ကြောင်းအလှတွေရိုက်ကူးမျှဝေလိုက်တာပဲဖြစ်ပါတယ်။ချစ်စရာကောင်းနဲ့အပြုံးလေးတွေနဲ့မိန်းကလေးပရိသတ်တွေကိုညို့ယူဖမ်းခဲ့ပြီးပရိသတ်တွေချစ်ခင်အားပေးမှုရရှိပိုင်ဆိုင်ထားတဲ့ပိုင်တံခွန်ဟာသူရဲ့ဖုံးကွယ်ထားတဲ့ခန္ဓာဘော်ဒီအလှနဲ့အလန်းစားတက်တူးတွေကိုဖော်ပြလိုက်တာကြောင့်မိန်းကလေးပရိသတ်တွေသဲသဲလှုပ်ရင်ခုန်လှုပ်ရှားစေခဲ့ရပြီးပိုမိုချစ်ခင်နေကြတာပဲဖြစ်ပါတယ်။

ပိုင်တံခွန်ဟာအနုပညာလှုပ်ရှားမှုခြေလှမ်းအသစ်တွေလုပ်ကိုင်ရန်မန္တလေးကိုရောက်ရှိနေတာဖြစ်ပြီးမန္တလေးကပရိသတ်တွေနဲ့ရင်ရင်းနှီးနှီးတွေ့ဆုံဖြစ်နေတာပဲဖြစ်ပါတယ်။မန္တလေးမှာဖွင့်လှစ်တဲ့ Device Bar Mobile Accessories And Gadgetsဆိုင်သစ်ဖွင့်ပွဲလေး

ကိုတက်ရောက်ခဲ့တာဖြစ်ပြီးမန္တလေးပရိသတ်တွေနဲ့အမှတ်တရဓာတ်ပုံလေးတေရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာပိုင်တံခွန်ဟာပထမနှစ်အဝေးသင်တက္ကသိုလ်တက်ရောက်ခဲ့တာဖြစ်ပြီးကျောင်းတက်စဉ်တုန်းကလဲပရိသတ်တွေကြားအရမ်းကိုရေပန်းစားခဲ့ရတာပဲဖြစ်ပါတယ်။လက်ရှိဖြေဆိုခဲ့တဲ့စာမေးပွဲကိုလဲဘာသာစုံဖြေဆိုနိုင်ခဲ့ပါတယ်လို့လဲသူရဲ့လူမှုကွန်ယက်မှာရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။အနုပညာလုပ်ငန်းတွေလဲအများကြီးလုပ်ကိုင်လျက်ရှိတာဖြစ်ပြီးလက်ရှိရေပန်းစားနေတဲ့သူရဲ့ခန္ဓာကိုယ်ဘော်ဒီကောက်ကြောင်းအလှတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ပိုင်တံခွန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။