အနုပညာလောကရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်သလို ပရိသတ်အချစ်တော်တစ်ဦးလည်းဖြစ်သူကတော့ ပြေတီဦး ဖြစ်ပါတယ်။ ဇာတ်ပို့ဇာတ်ရန် ဘဝနဲ့ အနုပညာလောကမှာ ကာလတစ်ခုအထိဖြတ်သန်းခဲ့ပြီး နောက်ပိုင်းမှာတော့ ကြောက်စရာကောင်းလောက်ကောင် တရှိန်ထိုးအောင်မြင်လာကာ လက်ရှိမှာတော့ အနုပညာကြေး အမြင့်ဆုံး ထပ်ဆင့်အကယ်ဒမီ မင်းသားတစ်လက်အဖြစ် ရပ်တည်လို့နေပါတယ်။ 

ဇနီးချောလေး အူဝဲနဲ့အတူ သားသမီးနှစ်ယောက်နဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ပြေတီဦးဟာ သူ့ရဲ့ ချစ်ပရိသတ်တွေနဲ့အတူ ညနေစာအတူစားခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ လူမှုစာမျက်နှာမှာတော့

"ကျွန်တော့် ဘဝမှာ...

ကျွန်တော့်ကို ဘယ်တော့မှအပြစ်မမြင်တဲ့...

ကျွန်တော့်ကို ကြမ်းတမ်းတဲ့ စကားတွေဘယ်တော့မှမပြောတဲ့.....

ကျွန်တော်ထားသမျှ စေတနာတိုင်းကို တန်ဘိုးထားတတ်တဲ့....

အမြဲတမ်း ကျွန်တော့်ဘက်မှာပဲ ထာဝရ ရှိတတ်တဲ့...

ကျွန်တော့်စိတ်တွေကို အမြဲတမ်းအေးချမ်းစေတတ်တဲ့...

ကျွန်တော့်ရဲ့ အားဆေးများနဲ့ ညစာစားနေပါတယ်..." ဆိုပြီး ရေးသားထားပါတယ်။ 

ပြေတီဦးဟာ အနုပညာပိုင်းမှာ ထူးချွန်ရုံသာမက ပရဟိတ လုပ်ငန်းတွေနဲ့ ပြည်သူအကျိုးပြု ပညာရေးအခန်းကဏ္ဍတွေမှာလည်း တတ်အားသရွေ့ပါဝင်ဆောင်ရွက်သူ ဖြစ်ပါတယ်။ လာမည့်အကယ်ဒမီမှာလည်း ဇနီးဖြစ်သူနဲ့အတူ ရိုက်ထားတဲ့ " ရင်ဘတ်ထဲက ဓား" နဲ့အကယ်ဒမီရနိုင်ချေ များနေပြီး ပရိသတ်တွေကတော့ အကယ်ဒမီဇနီးမောင်နှံအဖြစ် မြင်တွေ့

မယ်ဆိုပြီး ထင်ကြေးပေးထားကြပါတယ်။

Source: Pyay Ti Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။