မိုးကုတ်မြို့ဆိုတာ မြန်မာပြည်ရဲ့ ကျောက်မျက်ရတနာ ထွက်ရှိရာ ဒေသတွေထဲတစ်ခုဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးအတွက် ပတ္တမြားမြေက ထွက်ပေါ်ခဲ့တဲ့ ထိပ်တန်းအမျိုးသမီး လေးဦးအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁။ ထွန်းအိန္ဒြာဗိုလ်

အနုပညာလောကရဲ့ ဝါရင့်ထိပ်တန်း သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မခိုင်ကြီး ကတော့ မိုးကုတ်မြို့သူ တစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပညာဖက်မှာပါ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ သူမကတော့ အကယ်ဒမီဆု သုံးဆုကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာသာရေး မိသားစုရေး စီးပွားရေး အနုပညာရေးတို့ကို မျှအောင်လုပ်ကိုင်လို့နေတာ တွေ့ရပါတယ်။ 

၂။ ထက်ထက်မိုးဦး

"ထက်ထက်မိုးဦး" ခေတ် ဆိုပြီး မင်းသမီးခေတ်တစ်ခေတ် ထူထောင်နိုင်လောက်အောင် အရှိန်အစုန် ပြင်းပြင်းနဲ့ အောင်မြင်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါက TV channel တွေရဲ့ ကြော်ငြာတိုင်းကို နေရာယူထားနိုင်ခဲ့တဲ့ အကယ်ဒမီ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အနုပညာလောကကနေ ဆယ်စုနှစ်တစ်ခုနီးပါး ပျောက်ကွယ်သွားခဲ့ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေကာ သမီးလေးတစ်ဦး ပိုင်ဆိုင်ထားတာတွေ့ရပါတယ်။ 

၃။ ဖွေးဖွေး

နောက်တက်မင်းသမီးတွေထဲမှာ အအောင်မြင်ဆုံး မင်းသမီးတစ်လက်ဖြစ်သလို ဇာတ်ဆောင် အကယ်ဒမီဆု ၂ ဆုတိတိကို လက်ဝယ်ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အနုပညာကြေးအမြင့်မားဆုံး မင်းသမီးတွေထဲက တစ်လက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုအများဆုံး ရရှိထားတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ယခုနှစ်အကယ်ဒမီ တစ်ကြိုစာရင်းမှာလည်းဂပါဝင်နေပြီး လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးလို့နေတာတွေ့ရပါတယ်။ 

၄။ ဝတ်မှုန်ရွှေရည်

သူမကတော့ သူမရဲ့ အလှအပကြောင့် အနုပညာလောကကို ဝင်ရောက်လာဖို့ ဖိတ်ခေါ်ခြင်းခံခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားသူဖြစ်ပြီး ခေတ်သစ် ကြော်ငြာဘုရင်မ ဖက်ရှင်ကွင်းဆိုပြီး တင်စားခေါ်ဝေါ်မှုခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။ အကယ်ဒမီဆု ၂ ဆုကို ရရှိထားပြီး အနုပညာကြေားအမြင့်ဆုံးရရှိထားသူတစ်ဦးဖြစ်ပြီး ပြည်ပနိုင်ငံနဲ့ တွဲဖက်ရိုက်ကူးတဲ့ ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသမီးနေရာက အမြဲပါဝင်ခွင့် ရသူတစ်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုင်းဒါရိုက်တာတစ်ဦးရိုက်ကူးတဲ့ "လိပ်ပြာစံအိမ်" ဆိုတဲ့ ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေတာ တွေ့ရပါတယ်။

ကဲ ပရိသတ်ကြီးရေ မိုးကုတ်သူတွေ ချောတယ်ဆိုတာ ယုံကြရဲ့လားး....

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။