မြန်မာအသင်းရဲ့ဂိုအာမြို  ့သိမ်းတိုက်ပွဲ


2017ခုနှစ်ဟာမြန်မာလက်ရွေးစင်အသင်းတွေ

အကျအဆုံးများခဲ့တဲ့နှစ်လို့ဆိုနိုင်ပါတယ်။ယူ-16ကနေ

စပြီးယူ-19၊ယူ-23စတဲ့အသင်းအသီးသီး

အာရှခြေစစ်ပွဲမအောင်ကြပါဘူး။ဒါကြောင့်မြန်မာအသင်း

တွေရဲ့အာရှအိမ်မက်အတွက်မျှော်လင့်စရာအသင်းတစ်သင်း

ပဲရှိပါတော့တယ်။မြန်မာတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်

အသင်းကတော့လာမယ့်14ရက်နေ့မြန်မာစံတော်ချိန်

ည9နာရီမှာအိန္ဒိယနဲ့ကန်မယ့်မြန်မာ့လက်ရွေးစင်

အသင်းကြီးပါပဲ။

အိန္ဒိယဟာနိုင်နိုင်ရှုံးရှုံးခြေစစ်ပွဲအောင်သွားပြီမို့အရေးမကြီးပေမယ့်

မြန်မာအသင်းအတွက်တော့အိန္ဒိယကိုအနိုင်ကန်မှသာ

ခြေစစ်ပွဲအောင်ဖို့မျှော်လင့်နိုင်မှာပါ။မြန်မာနဲ့အိန္ဒိယတို့ရဲ့

အာရှဖလားခြေစစ်ပွဲကိုအရမ်းလှပတဲ့ပင်လယ်ကမ်းခြေ

မြို့လေးဖြစ်တဲ့ဂိုအာမြို ့လေးမှာကျင်းပသွားမှာပါ။

ပေါ်တူဂီကိုလိုနီဖြစ်ခဲ့ဖူးတဲ့ဂိုအာမြို့လေးမှာ17ရာစု

နှစ်လောက်ကဘုရားကျောင်းကြီးတွေ၊ခံတပ်ကြီးတွေလည်းရှိနေပါတယ်။ဒီလိုအလှအပတွေကို

ခံစားနေဖို့မြန်မာတို့မှာအခွင့်အရေးမရှိပါဘူး။

ဂိုအာမြို့ကလေးရဲ့ဂျဝါဟာလာနေရူးကွင်းကြီးမှာမြန်မာအသင်းသေရေးရှင်ရေးပွဲစဉ်တစ်ပွဲ

ကစားရဦးမှာပါ။

မနေ့ကဂိုအာမြို့်ကလေးဆီရောက်လာကြတဲ့မြန်မာအသင်း

သားတွေလေ့ကျင့်ခန်းဆင်းနေကြပါပြီ။ကမ္ဘောဒီးယား

အသင်းကိုဖနွမ်းပင်မှာအနိုင်ယူခဲ့တာကြောင့်မြန်မာအသင်း

သားတွေယုံကြည်မှုရှိနေပုံရပါတယ်။ဒါပေမယ့်အိန္ဒိယဟာ

သူ့ကွင်းမှာကစားရတာမို့ပရိသတ်တွေရှေ့မှာမြန်မာကို

လွယ်လွယ်နဲ့အရှုံးပေးမှာမဟုတ်ပါဘူး။မြန်မာနဲ့အိန္ဒိယဟာ

သမိုင်းတလျှောက်25ကြိမ်တွေ့ဆုံထားပြီးမြန်မာက9ကြိမ်နိုင်၊

အိန္ဒိယက11ကြိမ်နိုင်ပြီး5ကြိမ်သရေကျထားပါတယ်။

မြန်မာအသင်းသားတွေ14ရက်နေ့မှာဂိုအာမြို့ကို

အောင်မြင်စွာသိမ်းပိုက်နိုင်မလားဆိုတာတော့...

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။