ပြီးခဲ့တဲ့အောက်တိုဘာ(၁၉)ရက်နေ့မနက်၃:၃၀အချိန်တွင်ရန်ကုန်မြို့,မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ပဲ့လေ့မီးလောင်မှုဟာရန်ကုန်မြို့တွင်ဆုံးရှုံးမှုငွေကျပ်တန်ဖိုးအမြင့်ဆုံးမီးလောင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ကန်တော်ကြီးပဲလေ့မီးလောင်မှုဟာယခင်ဆုံးရှုံးမှုတန်ဖိုးအမြင့်ဆုံးကျပ်သန်းသုံးသောင်းခြောက်ထောင်ကျော်ဆုံးရှုံးခဲ့တဲ့မင်္ဂလာဈေးမီးလောင်မှုထက်ပင်ဆုံးရှုံးမှုတန်ဖိုးပိုများခဲ့တယ်လို့သိရပါတယ်။ဦးတေဇပိုင်ကန်တောြ်ကီးပဲလေ့စ်ဟိုတယ်မီးလောင်မှုကြောင့်ဆုံးရှုံးမှုတန်ဖိုးကျပ်သန်းသုံးသောင်းခုနစ်ထောင်ကျော်ရှိကြောင်းရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှအရာရှိတစ်ဦးကပြောပါတယ်။

မီးလောင်မှုအကြောင်းရင်းမှာဝိုင်ယာကြိုးအဟောင်းများကိုမီးထွန်းသည့်နေရာတွင် အသုံးပြုခဲ့ရာ မီးသုံးစွဲမှုများပြားလာတာကြောင့် ဝိုင်ယာကြိုးများ အပူလွန်၍ မီးလောင်ခဲ့ကြောင်း မီးသတ် အရာရှိတစ်ဦးကဆိုပါတယ်။အဆိုပါဟိုတယ်တွင် အသုံးပြုနေသော အချို့ဝိုင်ယာကြိုးများဟာ လွန်ခဲ့သည့် နှစ် ၂၀ ကျော် ကတည်းက အသုံးပြုနေသည့်ဝိုင်ယာကြိုးများဖြစ်ကြောင်းမီးလောင်မှုကိုစစ်ဆေးတဲ့အဖွဲ့တွင်ပါဝင်သည့် မီးသတ်အရာရှိတစ်ဦးကပြောပါတယ်။

မီးလောင်မှုကြောင့်ကန်တော်ကြီးပဲ့လေ့စ်ဟိုတယ်ရှိအခန်း(၁၈၀)ကျော်အနက်(၉၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီးလာရောက်တည်းခိုခဲ့တဲ့ နိုင်ငံခြားသားတစ်ဦးအပါအဝင်စုစုပေါင်း(၂)နှစ်ဦး မီးလောင်သေဆုံးခဲ့တာပဲဖြစ်ပါတယ်။ မီးလောင်သေဆုံးသည့် ရုပ်အလောင်းတစ်ခုကို တည်းခို သူစာရင်းမှ ပျောက်ဆုံးနေတဲ့ ထိုင်းနိုင်ငံသူ ဟုတ်၊ မဟုတ် အတည်ပြုနိုင်ရန် DNA စစ်ဆေးနေကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက အောက်တိုဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

ထို့အပြင်မီးငြှိမ်းသတ်ရင်း ဒဏ်ရာရရှိသည့် ရွှေပြည်သာမြို့နယ်မီးသတ်ဦးစီးမှူးတစ်ဦးဟာလည်း နိုဝင်ဘာ ၁၁ ရက်အထိ သတိပြန်မရသေးဘဲ စိုးရိမ်နေရတဲ့အခြေ အနေရှိကြောင်း အထက်ပါအရာရှိကပြောသည်။လက်ရှိမှာတော့မီးလောင်မှုနှင့် ပတ်သက်၍ ဟိုတယ်မန်နေဂျာကို မီးပေါ့ဆမှု ပုဒ်မ ၂၈၅၊ ပေါ့လျော့မှုကြောင့် လူသေစေမှု ပုဒ်မ ၃၀၄ (က)နှင့် ပြင်းထန်စွာနာကျင်မှု ပုဒ်မ ၃၃၈ တို့ဖြင့် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားတယ်လို့သိရပါတယ်။

Source - 7 Day News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။