Under Siege နှင့် Flight of Fury အစရှိသော ရုပ်ရှင်ဇာတ်ကားများ ဖြင့် နာမည်ကြီးလာသော အသက် ၆၅ နှစ်အရွယ် စတီဗင်ဆီးဂဲလ်သည် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်လေ့ ရှိသည်ဟု ၎င်း၏ လုပ်ဖော်ကိုင်ဖက် များ က စွပ်စွဲပြော ဆိုမှုတွေကို မကြာခဏ ပြောဆိုခံနေရသူ တဦးဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက မင်းသမီးပေါ်တီယာဒီရော့စီက စတီဗင်ဆီးဂဲလ်သည် သူမ အပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့သည်ဟု စွပ်စွဲချက်ကို သူမ၏ တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့ပါတယ်။ ရုပ်ရှင်အတွက် အစမ်း သရုပ်ဆောင်နေစဉ် စတီဗင်ဆီးဂဲလ်က သူ၏ဘောင်းဘီဇစ်ကို ဆွဲဖြုတ်ခဲ့ကာ သူမကို “ ပိတ်ကား နောက်ကွယ်မှာလည်း အပေးအယူမျှတဖို့အရေးကြီးတယ်” ဆိုပြီးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မင်းသမီးပေါ်တီယာဒီရော့စီသည် The Arrested Development ဇာတ်ကား၏မင်းသမီးလည်းဖြစ်၊ အမေရိကန်၏နာမည်ကျော် တီဗီအစီအစဉ် ဖြစ်သော Ellen Show ၏ အစီအစဉ်မှူး အယ်လန်ဒီဂျန်းနရက်စ်နှင့် လက်ထပ်ထားတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။

Good Wife ဇာတ်ကား၏မင်းသမီး ဂျူလီယာနာ မာဂူလိုင်းစ်နှင့် မော်ဒယ်ဂျန်နီမက္ကာသီတို့ အပါအဝင် အခြားသော အမျိုးသမီးအများအပြားကလည်း စတီဗင်ဆီးဂဲလ် ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများပြုလုပ် ခဲ့တယ်လို့ ယခင် ကစွပ်စွဲပြောဆိုခဲ့ကြဖူးတယ်လို့ လည်းသိရပါတယ်။

Source - Mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။