တော်လှန်ရေးဇာတ်ကားတိုင်းလိုလိုမှာယူနီယံဂျက်အလံအောက်တွင်ဗြိသျှအရေးပိုင်မင်းအဖြစ်တွေ့မြင်ခဲ့ကြရတဲ့သရုပ်ဆောင်ဦးစံမြင့်ကိုပရိသတ်တွေမှတ်မိကြအုန်းမယ်ထင်ပါတယ်။ပရိသတ်တွေအနေနဲ့ဦးစံမြင်ရဲ့နာမည်အရင်းကိုတောင်မသိကြပဲအင်္ဂလိပ်အရေးပိုင်မင်းကြီးလို့ခေါ်ဆိုရလောက်တဲ့အထိပီပြင်စွာဇာတ်ရုပ်ကိုပုံဖော်နိုင်တဲ့သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။မြန်မာ့ရုပ်ရှင်လောကမှာဗြိတိသျှအရေးပိုင်မင်းဇာတ်ရုပ်အတွက်မြန်မာစကားကျွမ်းကျွမ်းကျင်ကျင်မပြောတက်တဲ့တိုင်းတစ်ပါးသားတစ်ဦးရဲ့ပုံစံအတိုင်းအပိုအလိုမရှိကွက်တိသရုပ်ဆောင်နိုင်သူမှာဦးစံမြင့်တစ်ဦးသာရှိတယ်ဆိုလျှင်လဲမမှားနိုင်လောက်ပါဘူး။အရပ်ရှည်ရှည်၊အသားဖြူဖြူ၊ဆံပင်ငွေရောင်နှင့်ဘိုကပြားပုံစံရှိနေတဲ့ဦးစံမြင့်ဟာဗြိတိသျှအရေးပိုင်မင်းဇာတ်ရုပ်နဲ့အလိုက်ဖက်ဆုံးသရုပ်ဆောင်တစ်ဦးဖြစ်ပြီးအနုပညာအသိုင်းဝိုင်းကလုပ်ဖော်ကိုင်ဖက်တွေကတောင်နာမည်အရင်းမခေါ်တော့ဘဲ"သခင်ကြီး"လို့ခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။

ဦးစံမြင့်ဟာအနုပညာလောကမှာနှစ်ပေါင်း(၅၀)နီးပါးရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးခဲ့ပေမယ့်အကယ်ဒမီရွေစင်ရုပ်ထုပိုင်ခွင့်မရှိခဲ့ခြင်းနဲ့ပတ်သတ်ပြီးရင်ဖွင့်ပြောပြတာပဲဖြစ်ပါတယ်။ရုပ်ရှင်ဇတ်ကားတွေအများကြီးရိုက်ကူးခဲ့ပေမယ့်ကိုလိုနီပုဆိန်ရိုးဇာတ်ရုပ်ကြောင့်အကယ်ဒမီဆုကိုမရခဲ့တာပါလို့ ဦးစံမြင့်ဆိုပါတယ်။"အကယ်ဒမီရတာချည်းပဲ ကျွန်တော်ပါဝင်သရုပ်ဆောင်တာ(၇)ကားလောက်တော့ရှိမယ်။တစ်ခါတစ်လေကြတော့ ဝန်ကြီးကိုယ်တိုင်တောင် မေးတယ်။ ဦးစံမြင့် ခင်ဗျားဘာလို့ အကယ်ဒမီ မရတာလဲ ဆိုပြီးတော့။ဘယ်ရမလဲလို့ကျွန်တော်ကကိုလိုနီပုဆိန်ရိုးပဲလို့။သူတို့ကအက်ရှင်ကိုကြည့်တာမဟုတ်ဘူး။ပေါ်လစီကကျွန်တော်တို့ခေတ်တုန်းကကြတော့ပါနေတာကိုး။ဟိုတုန်းကပေါ်လစီဆိုပြီးတော့တောက်လျောက်သွားတာ"ဆိုပြီးပြောပြတာပဲဖြစ်ပါတယ်။

သရုပ်ဆောင်ဦးစံမြင့်ရဲ့မောင်မင်းလူကလေး သိပ်ကောင်းတယ်ဆိုပြီးသရုပ်ဆောင်ခဲ့တဲ့ဇာတ်ရုပ်လေးတွေဟာယခုအချိန်အထိပရိသတ်တွေရင်ထဲမှာစွဲထင်နေအုန်းမယ်ထင်ပါတယ်။အနုပညာသက်တမ်းနှစ်ပေါင်း(၅၀)နီးပါးဖြတ်သန်းခဲ့ပြီးလက်ရှိအချိန်မှာတော့အနုပညာလောကမှအနားယူခဲ့တဲ့သရုပ်ဆောင်ဦးစံမြင့်ဟာသရုပ်ဆောင်ဘဝအမှတ်တရတွေကိုလွမ်းဆွတ်မိပါတယ်လို့ဆိုပါတယ်။ဖြစ်နိုင်ရင်အလုပ်ကအခုလဲလုပ်ချင်နေပါသေးတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ဦးစံမြင့်ဟာဇနီးသည်လည်းသေဆုံးသွားပြီးဖြစ်ပြီးပြည်ပတွင်နေထိုင်လျက်ရှိတဲ့ သားသမီးများရှိသော်လည်းလက်ရှိမှာသမီးအငယ်ဆုံးဖြစ်သူနဲ့အတူရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝန်းထမ်းရိပ်သာမှာကျန်းကျန်းမာမာနဲ့နေထိုင်တယ်လို့သိရပါတယ်။

Source - MC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။