မြန်မာနဲ့ကမ္ဘောဒီးယားပွဲအလွန်


မြန်မာနဲ့ကမ္ဘောဒီးယားပွဲကနှစ်ဂိုးတစ်ဂိုးနဲ့ပြီးဆုံး

သွားခဲ့ပါပြီ။ပတ်စာခွာဖျာသိမ်းပြီးဖြစ်ပေမယ့်လည်း

ဒီပွဲရဲ့အကျိုးဆက်တွေဟာနှစ်သင်းစလုံးကိုရိုက်

ခတ်နေဆဲပါ။ဘာဂယက်တွေထနေလဲဆိုတာ

ကျွန်တော်တို့ကြည့်ကြရအောင်ပါ။ပထမဦးစွာ

ပြောရမယ့်အချက်ကကမ္ဘောဒီးယားဟာမြန်မာကို

ဒီတစ်ကြိမ်မှာကျိန်းသေပေါက်အနိုင်ရချင်ခဲ့တာပါ။


အနိုင်ရအောင်လည်းသူတို့အသေအချာပြင်ဆင်ခဲ့ကြပါတယ်။

ဂျော်ဒန်နဲ့အရေးကြီးပွဲကစားဖို့ရှိနေတာတောင်အကောင်းဆုံး

လူစာရင်းကိုထုတ်ပြီးမြန်မာကိုရင်ဆိုင်ခဲ့တာပါ။ခမာတွေရဲ့

အရှုံးအတွက်ပထမဆုံးဝေဖန်ခံရတာကနည်းပြဆိုဗန်နရာပါ။

ချန်ဗန်သာနာကာကိုနေရာပေးချင်လို့ဝါရင့်တိုက်စစ်မှူး

လဘော်ရေဗီကိုချနိလှပ်ခဲ့တာတွေ၊စူပါစတားကွင်းလယ်လူ

ပိုရော့ကိုကိုရွေးချင်လို့ခံစစ်အားသန်တဲ့နာမည်ကြီးကွင်းလယ်လူချန်သာနာဘင်ကိုရွေးချယ်ခဲ့တာတွေကသူ့အတွက်ပြောစရာဖြစ်ခဲ့ပါတယ်။CV11ဟာအထောင်တိုက်စစ်မှူးနေရာမှာ

ခြေစွမ်းမပြနိုင်ခဲ့သလိုပိုရော့ဟာလည်းဒဏ်ရာအကင်း

မပျောက်သေးလို့မြန်မာနဲ့ပွဲမှာဝင်တောင်မကစားခဲ့ရပါဘူး။

ဆိုဗန်နရာပြီးတော့ထပ်အဝေဖန်ခံရတာကနာမည်ကြီး

တောင်ပံကစားသမားချန်ဗန်သာနာကာပါ။အပိုင်

အခွင့်အရေးနှစ်ကြိမ်လောက်ကိုဂိုးအဖြစ်မပြောင်းလဲ

နိုင်ခဲ့တဲ့အတွက်မြန်မာပွဲအရှုံးအတွက်ခမာပရိသတ်တွေက

သူ့ကိုအပြစ်ပုံချခဲ့ပါတယ်။သူ့ရဲ့လူမှုကွန်ယက်မှာလည်း

Cv11ဟာ"I hate myself"လို့ရေးသားခဲ့ပြီး

သူ့ကိုကြိုက်သလိုသာပြောကြပါတော့ဆိုပြီးရေးသားခဲ့ပါတယ်။

နိုင်သွားတဲ့မြန်မာအသင်းလည်းဝေဖန်ခံရမှုမလွတ်ပါဘူး။

မြန်မာအသင်းမှာပထမဦးစွာဝေဖန်ခံရတာက

ဇော်မင်းထွန်းဖြစ်ပြီးမြန်မာပေးလိုက်ရတဲ့ဂိုးဟာ

သူဖိနပ်ကြိုးချည်နေလို့ပါ။နောက်ထပ်ဝေဖန်ခံရသူတွေက

မောင်မောင်လွင်၊တင်ဝင်းအောင်၊ရန်အောင်ကျော်စတဲ့

အလယ်တန်းကစားသမားတွေဖြစ်ပါတယ်။ပွဲတစ်ပွဲလုံးကို

ခြံုကြည့်ရင်အပြစ်ပြောစရာမရှိခဲ့တာကအောင်သူ

တစ်ယောက်သာရှိခဲ့ပါတယ်။သူ့အနေနဲ့တာဝန်ကျေခဲ့တာကို

တွေ့ရပြီးမြန်မာလက်ရွေးစင်အသင်းအတွက်နောက်ဆုံး

သုံးပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာတွေ့ရပါတယ်။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။