အင်ဒိုနီးရှား နိုင်ငံက ပြတိုက်တခုမှာ ထားရှိတဲ့ Adolf Hitler ရဲ့ အရွယ်တူ ပုံတူ ဖယောင်းရုပ်တုနားမှာ လူတွေက ဆယ်လ်ဖီ ဓါတ်ပုံ လာရိုက်လွန်းလို့ အဲဒီ ရုပ်ထုကို ဖယ်ရှားလိုက်ပါတယ်။DeMataTrickEyeMuseumရဲ့စျေးကွက်မန်နေဂျာကအဆိုပါရုပ်ထုကို ပြီးခဲ့တဲ့သောကြာနေ့ကတည်းကဖယ်ရှားဖို့ဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

Auschwitzနာဇီအကျဉ်းစခန်းရှေ့မှာရပ်နေတဲ့ဟစ်တလာပုံဖယောင်းရုပ်တုဘေးမှာ ပြုံးဖြီးဖြီးလုပ်နေတဲ့ ပုံတွေ ရိုက်ပြီး လူတွေက လူမှုကွန်ယက်ပေါ်တင်ကာ အများအပြား ရှယ်ကြတဲ့ အတွက် အခုလို ဖယ်ရှားပစ်လိုက်တာ ဖြစ်ပါတယ်။ဒီလို ဓါတ်ပုံတွေ ပြန့်နှံ့လာတာကို နိုင်ငံတကာက လူမှု အဖွဲ့အစည်းတွေက ဒေါသထွက်ခဲ့တာကြောင့် လည်းဖြစ်ပါတယ်။ဒီရုပ်တုကနေပြဿနာတက်လာနိုင်တယ်လို့ ပြတိုက်တာဝန်ခံတွေက နားလည် သဘောပေါက်လာကြတာ ဖြစ်ပါတယ်။

အဆိုပါအင်ဒိုနီးရှားရှိပြတိုက်မှာဆိုရင်နာမည်ကျော်ကြားသူများရဲ့ဖယောင်းရုပ်ထုပေါင်း ရှစ်ဆယ်ခန့်ရှိပါတယ်။ယခုဖယ်ရှားလိုက်တဲ့ဟစ်တလာရုပ်ထုကို၂၀၁၄ခုနှစ်ကတည်းကပြသထားတာလည်းဖြစ်ပါတယ်။အဆိုပါပြတိုက်ကိုဂျာဗားရဲ့့မြို့တော်၈ျိုဂျာကာတာမှာရှှိပြီးအဆိုပါပြတိုက်ရှိဖယောင်းရုပ်ထုများမှာလာရောက်လေ့လာသူတွေကိုအပျော်သက်သက်ဖြစ်စေဖို့မဟုတ်ဘဲအသိပညာပေးလိုသောသဘောဖြင့်ထားရှိပြသထားတာလည်းဖြစ်ပါတယ်။

Source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။