ဖိုက်တာဖျံသွေးနဲ့နယ်ကျွံလာတဲ့ကျားလုဇယား


ကရင်ပြည်နယ်ဆိုတာရိုးရာလက်ဝှေ ့ကိုအရူးအမူး

အားပေးတဲ့ဒေသတစ်ခုပါ။လက်ဝှေ ့ကိုချစ်မြတ်နိုးတာနဲ့

အမျှလက်ဝှေ့သမားကောင်းတွေများစွာပေါ်ထွက်ရာ

ဒေသဆိုလည်းမမှားပါဘူး။ကရင်ပြည်နယ်အတွင်း

ပွဲလမ်းသဘင်တွေပြုလုပ်ရာမှာလည်းလက်ဝှေ့ပွဲကို

ထည့်သွင်းကျင်းပလေ့ရှိပါတယ်။ကရင်ပြည်နယ်ရဲ့

ချစ်စရာဓလေ့လေးတစ်ခုပေါ့။


photo-Saya Zin Lin tun



ကရင်ပြည်နေ့အခမ်းအနားကိုဘားအံမှာ

ကျင်းပပြုလုပ်ခဲ့ပါတယ်။လက်ဝှေ့ပွဲတွေကိုလည်း

ပြည်နယ်ပွဲအတွင်းဝှဲချီးကျင်းပကြတာပေါ့၊

မနေ့ကထိုးသတ်ခဲ့နဲ့ပွဲတွေမှာဆိုသပြေညိုနဲ့

ကြယ်လင်းအောင်၊ဖျံသွေးနဲ့ယိုးဒယားကလာတဲ့

လုဇယားတို့ရဲ့ပွဲကြီးပွဲကောင်းတွေပါတာမို့ပရိသတ်တွေ

လာအားပေးလိုက်ကြတာရုံပြည့်ရုံလျှံပါပဲတဲ့။

ဝါရင့်လက်ဝှေ့သမားကြီးတွေဖြစ်နဲ့ကြယ်လင်းအောင်

နဲ့သပြေညိုပွဲကတော့အလဲအကွဲနဲ့ပူးတွဲသရေကျသွား

ခဲ့ပါတယ်။


photo-Saya Zin Lin Tun
photo-Saya Zin Lin Tun

ဖိုက်တာဖျံသွေးနဲ့နယ်ကျွံလာတဲ့ကျားလုဇယားတို့

ကလည်းအကြိတ်အနယ်ရှိခဲ့ပါတယ်။လုဇယားကမွေထိုင်း

အတွေ့အကြုံကြွယ်ဝပေမယ့်တကယ်တမ်းထိုးသတ်တဲ့

အခါကျတော့တက်လူဖျံသွေးကိုမယှဉ်နိုင်ခဲ့တာတွေ့ရပါတယ်။

ဖျံသွေးရဲ့အားပါလှတဲ့လက်သီးချက်တွေခြေကန်ချက်တွေ

ကိုလုဇယားကြာရှည်မတောင့်ခံနိုင်ပဲဒုတိယအချီမှာ

အနားတောင်းခဲ့ရပါတယ်။တတိယအချီမှာတော့လုဇယား

ဘယ်လိုမျတောင့်မခံနိုင်တော့ပဲဖျံသွေးရဲ့အလဲထိုးခြင်းကို

ခံလိုက်ရပါတော့တယ်။

photo-Saya Zin Lin Tun
Photo-Saya Zin Lin Tun

Source -Zin Lin tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။