ပရိသတ်အချစ်တော် မင်းသမီးတစ်လက်ဖြစ်သလို အနုပညာလောကရဲ့ ထိပ်တန်းစာရင်းဝင်း မင်းသမီးတစ်လက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည် ကတော့ ဖခင်ရဲ့ မွေးနေ့မှာ ဖခင်နဲ့အတူ မိသားစုလိုက်ရှိနေခဲ့တာကို တွေ့ရပါတယ် ပရိသတ်ကြီးရေ။ ဖခင်ဖြစ်သူရဲ့ မွေးနေ့ကိုတော့ မိသားစုလေးဦးအတူ အပြင်မှာ မုန့်ထွက်စားကြရင် ပျော်စရာမိသားစုမွေးနေ့ပွဲလေး ကျင်းပခဲ့ပါတယ်။ 

မိသားစုအတူ Sushi Tei မှာအတူ စားပွဲလေးပြုလုပ်ခဲ့ပြီး ဓာတ်ပုံလေးတွေကိုလည်း ရွှေကစ်ရဲ့ ဖေဖေက သူ့ရဲ့ လူမှုစာမျက်နှာထက်မှာ မွေးနေ့ ဆိုပြီး တင်ထားတာတွေ့ရပါတယ်။ ထို ဓာတ်ပုံတွေအောက်မှာတော့ ပရိသတ်တွေက ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးဆိုပြီး မှတ်ချက်ပြုထားကြပါသေးတယ်။ ချစ်ရတဲ့ ကစ်ကစ်ကတော့ အဖေဖြစ်သူဘေးမှာထိုင်ရင်း ကလေးတစ်ယောက်လို ကပ်ချွဲနေတာလည်း တွေ့ရပါတယ်။

ရွှေကစ်က ညီမနှစ်ယောက်မှာ အကြီးဖြစ်ပြီး တလောက Hearty Heart ကြော်ငြာကို ညီအမနှစ်ယောက် အတူရိုက်ကူးခဲ့ကြပါသေးတယ်။ အမတစ်ယောက်အနေနဲ့ ညီမလေးကိုတော့ မင်းသမီးမဖြစ်စေချင်ဘူးလို့လည်း အင်တာဗျူးတစ်ခုမှာဖြေဆိုခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ချစ်ရတဲ့ ရွှေကစ်တစ်ယောက် နာမည်ကြီး ထိုင်းဒါရိုက်တာနဲ့အတူ "လိပ်ပြာစံအိမ်" ဇာတ်ကားကို နိုင်းနိုင်း ဒေါင်းတို့နဲ့ အတူရိုက်ကူးလို့နေပါတယ် ပရိသတ်ကြီးရေ....

Source: Win Thein Naing ( Kit Kit's Dad ) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။