ပထမဆုံးအနေဖြင့် Group Song ကို “ရေစီးထဲက ပန်းပွင့်လေးများ” သီချင်းဖြင့် လူငယ်များပီပီ တက်တက်ကြွကြွနှင့် မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုသွားခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေအားလုံး သီဆိုတင်ဆက်ပုံကလည်း တကယ့်ကို ချစ်စရာကောင်းလှပါတယ်။ ခဏနေ ကြေငြာမဲ့ Result ကို သိရတဲ့အခါ ပြိုင်ပွဲဝင်တွေထဲမှ တစ်ယောက်က မဖြစ်မနေ အိမ်ပြန်နှုတ်ဆက်ရမှာကတော့ စိတ်မကောင်းစရာပါ။

ဧည့်သည်အဆိုတော် အန်ကယ်လ် ပလေးဘွိုင်း သန်းနိုင်မှ “နေနဲ့လ အရှေ့အနောက်” နှင့် “ငိုပေဦးတော့ ဂီတာ” စတဲ့ သီချင်းနှစ်ပုဒ်ကို performance အပြည့်၊ ခံစားချက်အပြည့်နှင့် သီဆိုသွားခဲ့ပါတယ်။ ထို့နောက်မှာတော့ ပြိုင်ပွဲဝင်များနှင့် ဒိုင်လူကြီးများအားလုံးကို စင်မြင့်ထက်သို့ ဖိတ်ကြားပြီးနောက် Voting Result ကို ကြေငြာခဲ့ပါတယ်။ 

ပထမဦးဆုံးတစ်ယောက်အနေဖြင့် G Mine Nar မှ အောင်မြင်စွာ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ထို့နောက် David Derrick ၊ Oxygen၊ ယမုံ တို့အား ထပ်မံကြေငြာခဲ့ပြီး နောက်ထပ်တစ်ဆင့်ကို တက်ရောက်ဖို့ အခွင့်အရေးကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မယ်လိုဒီခေါင် နှင့် ကျော်ဇင်သန့်တို့မှ Bottom ထိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ မယ်လိုဒီခေါင်ကတော့ “ကျေနပ်ပါတယ်” သီချင်းကို သီဆိုခဲ့ပါတယ်။ ကျော်ဇင်သန့် ကတော့ ဟန်ထူးလွင်ရဲ့ “ကင်ဆာ” သီချင်းကို ခံစားချက် အပြည့်နဲ့ သီဆိုသွားခဲ့ပါတယ်။ ဒီနေ့ မဲရလာဒ်ကတော့ တကယ့်ကို မမျှော်လင့်ထားတဲ့ အခြေအနေ တစ်ခုဆိုလည်း မမှားပါဘူး။

အိမ်ပြန်လွှတ်မဲဲ့သူ ကို ဇမ်းနူး၊ စည်သူလွင်၊ ကိုဇဝါ တို့မှ ကျော်ဇင်သန့်ကို ရွေးချယ်ခဲ့ပြီး မငယ်မှ အိမ်ပြန်ရမဲ့သူကို မယ်လိုဒီခေါင်ကို ရွေးချယ်ခဲ့တာမို့ သုံးမဲ အနေအထားနှင့် နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး ကျော်ဇင်သန့်မှ အိမ်ပြန်နှုတ်ဆက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ခဏလေး နှုတ်ဆက်ထွက်ခွာခဲ့ရတာမို့ အနုပညာလမ်းကြောင်းမှာလည်း နောက်ထပ် ထပ်တွေ့ရဖို့ မျှော်လင့်ပါတယ်။

မငယ်ရဲ့ Boys Category ထဲမှ ပထမဆုံးအနေနှင့် ကျော်ဇင်သန့်က နှုတ်ဆက် အိမ်ပြန်ရတာဖြစ်ပြီး နောက်တစ်ပတ်မှာတော့ ပြိုင်ပွဲဝင် ၅ ယောက်က International Theme နဲ့ ယှဉ်ပြိုင်မှာ ဖြစ်တာကြောင့် မျှော်လင့်စောင့်စားရင်း အားပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ် …

အားလုံးပဲ သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် … <3 <3 <3 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။