စီရော်နယ်ဒိုကတော့ နောက်ထပ်ကလေးတစ်ဦးထပ်မံရရှိခဲ့ပါပြီ။ စီရော်နယ်ဒိုနှင့် ယခုတွဲနေတဲ့ချစ်သူ ဂျီယိုဂီနာရိုဒရီဂွက်ဇက်က သမီးလေးကို ဒီနေ့မှာ မွေးဖွားခဲ့ပါတယ်။ရော်နယ်ဒိုတို့မိသားစုကပျော်ရွှင်နေကာ သမီးလေးကို အလန်နာမာတီနာ လို့နာမည်ပေးခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ တော်တော်လေးပျော်ရွှင်နေပါတယ်။

အသက်၃၂နှစ်အရွယ်ရှိတဲ့ ရော်နယ်ဒိုက လက်ရှိအချိန်မှာ ကလေး၄ယောက်ကခဲ့ပါပြီ။ ရော်နယ်ဒိုက ကွင်းတွင်းမှာဆိုလည်း ယခုနှစ်မှာ ဖီဖာအကောင်းဆုံးကစားသမားဆုရထားပါတယ်။ ရော်နယ်ဒိုက ရီးရဲမက်ဒရစ်နှင့်အောင်မြင်မှုအလီလီဆွတ်ခူးထားသူပါ။ ပေါ်တူဂီနှင့်လည်း ယူရို၂၀၁၆ရရှိထားပါတယ်။

ရော်နယ်ဒိုကတော့ သားကြီး ရော်နယ်ဒိုဂျူနီယာနဲ့ ပျော်ရွှင်နေပါတယ်။ ဒါ့အပြင် မကြာသေးခင်က အငှါးကိုယ်ဝန်သည်နဲ့လည်း အမွှာသားနဲ့ သမီးကိုရရှိထားပါတယ်။ ယခုအခါမှာလည်း သမီးလေးထပ်ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ သားသမီး၄ယောက်ရခဲ့ပြီ ဖြစ်ပါတယ်။

Mg Lu Aye

Source - CR 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။