Mr. Bean ကတော့ အသက် ၆၂ နှစ်ရောက်မှ အဖေထပ်ဖြစ်တော့မှာပါ။ Mr. Bean နဲ့သူ့ရဲ့ ဇနီး Louise Ford တို့ဟာ လာမယ့် ရတ်သတ္တပတ်မှာ သူတို့ရဲ့ ရင်သွေးလေးမွေးဖွားဖို့ မျှော်လင့်နေပါတယ်။ Mr.Bean ရဲ့ ဇနီး Louise Ford ကတော့ အသက် ၃၃ ရှိပြီဖြစ်ပါတယ်။ နာမည်ကျော် ဟာသ သရုပ်ဆောင် Mr.Bean မှာ Ben လို့ ခေါ်တဲ့ အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ သားတစ်ယောက် နဲ့ Lily လို့ ခေါ်တဲ့ အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ သမီးတစ်ယောက် ရှိပြီးသားပါ။ ကလေးနှစ်ယောက်ကတော့ ယခင် အိမ်ထောင်ဖြစ်တဲ့ Sunetra Sastry နဲ့ ရတဲ့ ကလေးတွေဖြစ်ပါတယ်။

ဟာသ သရုပ်ဆောင် Mr.Bean ရဲ့ အမည်အရင်းကတော့ Rowan Atkinson ပါ။ Rowan Atkinson ဟာ ယခင် အိမ်ထောင် Sunetra Sastry နဲ့ လမ်းခွဲပြီးနောက် Louise Ford နဲ့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက စတင်ချိန်းတွေ့ခဲ့ကြတာပါ။ Mr. Bean ရဲ့ ဇနီး Louise Ford ဟာ Channel 4 comedy မှာ ပြသနေတဲ့ The Windsors ဇာတ်ကားမှာ Kate Middleton အဖြစ်ပါ၀င်သရုပ်ဆောင်နေပါတယ်။ သတင်းရင်းမြစ်တွေ အရ Mr.Bean နဲ့ Louise တို့ဟာ သူတို့ရင်သွေးလေး ရတော့မှာကို ပျော်နေကြပါတယ်။

ယခုအချိန်လေးဟာ သူတို့နှစ်ယောက် အတွက် ကြည်နူးပျော်ရွှင်ဖွယ် အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။ Mr.Bean တို့စုံတွဲ နှစ်ယောက်ဟာ ၂၀၁၂ ခုနှစ်က West End comedy Quatermaine’s Terms ဆိုတဲ့ ဇာတ်ကားမှာ အတူသရုပ်ဆောင်ရင်း စတင်တွေ့ဆုံခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ မတူညီတဲ့ မိသားစုနောက်ခံကလာသူ တွေလည်းဖြစ်ပါတယ်။ Louise က လန်ဒန်အရှေ့တောင်ပိုင်း Bexley မှာ ကြီးပြင်းခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အဖေ က တော့ ဂတ်စ်ပိုက်လိုင်းပြုပြင်သူတစ်ယောက်ပါ။ သူမရဲ့ အမေကတော့ မသန်စွမ်းသူတွေကို ကူညီတဲ့ အလုပ်လုပ်ပါတယ်။

Source: Birmingham mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။