မနက်10နာရီကျော်က မြောက်ဒဂုံမှ မြို့ထဲသွားသော ဘီအမ်ကား J.7646သည် တစ်မှတ်တိုင်ခရီးကို ကားခပိုတောင်းသောကြောင့် ၁၂-လုံးတန်းမှတ်တိုင်မှ စီးသည့် အသက်၆ဝအရွယ် ၃-ရပ်ကွက်၊ရန်ကင်းသားဦးလေးကို ၁၂လုံးတန်းမီးပွိုင့်တွင် ကန်ချပြီး ကားပေါ်မှနေ၍ လက်သီးဖြင့်ထိုးခဲ့ပါသည် ၊၊

ဦးလေးကြီးမှာ ဘယ်ဖက်အပေါ် နုတ်ခမ်းထောင့်တွင် အတွင်း၊အပြင်ပေါက်ပြဲဒါဏ်ရာရကာ သွေးထွက်များပါသည် ၊၊

ကျနော်လည်း စျေးရောင်းရင်းအမှတ်တမဲ့ဆိုတော့ ကာူထွက်သွားမှ သိလိုက်ရပါသည် ၊၊

ဦးလေးကြီးကို ကျနော့အမျိူးသမီးက ရေခဲထည့်ထားတဲ့ လက်ကိုင်ပုဝါနှင့်အုပ်ပေး၊သွေးများကိုသန့်ရှင်းပေးလိုက်ပါတယ် ၊၊

ပြီးတော့ အဲဒီဦးလေးကို ရန်ကင်းရဲစခန်းခေါ်ပြီး တိုင်ချက်ဖွင့်၊စံပြဆေးရုံသွားပြီး ဆေးမှတ်တမ်းယူပြီး အိမ်ကိုပြန်ပို့ပေးလိုက်ပါတယ် ၊၊

ဘီအမ်လိုင်းကားများ မိုက်ရိုင်းမှု၊ရမ်းကားမှု၊ ဥပဒေမဲ့လုပ်ရပ်များကို ခွင့်လွတ်သီးခံပေးနေရင် နောက်ထပ် ခရီးသည်ပေါင်းများစွာကို အနိူင်ကျင့်စော်ကားမည်ကို စိုးရိမ်၍ ကျနော်ကိုယ်တိုင် သက်သေပြုအမှုဖွင့်ခဲ့ပါသည် ၊၊

ကားပေါ်မှ ကန်ချ ၊ထိုးကြိပ်ခဲ့သည့်ကားနံပါတ်မှာ J.7646 ဖြစ်ပါသည် ၊၊

အမြန်ဆုံးဖမ်းမိအောင် Shareပေးစေချင်ပါတယ် ၊၊

ကူညီပေးကြပါ ၊၊

( လက်ထဲကိုင်ထားတဲ့ 500ကျပ်တောင်သွေးနဲ့စွန်းပေနေတာကိုကြည့်ရင် ဘယ်လောက်သွေးထွက်လဲဆိုတာ စဉ်းစားသာကြည့်ပါတော့ )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။