အိန္ဒိယမှာနေရေးထိုင်ရေးအဆင်မပြေဖြစ်နေတဲ့မြန်မာအသင်း

အိန္ဒိယအသင်းနဲ့အာရှဖလားခြေစစ်ပွဲကစားဖို့အတွက်

မြန်မာအသင်းဟာဂိုအာမြို့ကိုရောက်နေခဲ့ပါတယ်။

ဂျဝါဟာလာနေရူးကစားကွင်းကြီးထဲမှာကျင်းပမယ့်

အဆိုပါပွဲစဉ်ဟာမြန်မာအသင်းအတွက်သေရေးရှင်ရေး

ပါပဲ။မြန်မာအသင်းဟာအိန္ဒိယကိုအနိုင်ရမှခြေစစ်ပွဲအောင်ဖို့

မျှော်လင့်ချက်ရှိမှာပါ။အိန္ဒိယအသင်းကတော့အာရှဖလား

ခြေစစ်ပွဲအောင်မြင်နှင့်ပြီးသားပါ။မြန်မာအသင်းအတွက်

အရေးကြီးဆုံးအချိန်မှာဂိုအာမှာမြန်မာအသင်းပြသနာ

နည်းနည်းတက်နေပါတယ်။

မြန်မာအသင်းအနေနဲ့ဂိုအာမြို့ကဟိုတယ်မှာနေရထိုင်ရ

တာအဆင်မပြေဘူးလို့ကြားနေရပါတယ်။မြန်မာဘောလုံး

အဖွဲ့ချုပ်ဟာအဆိုပါကိစ္စအတွက်အိနွိယဘောလုံးအဖွဲ့ချုပ်ကို

စာပို့ထားတယ်လို့သိရပါတယ်။မြန်မာအသင်းအနေနဲ့နေရေး

ထိုင်ရေးအဆင်မပြေတာကြောင့်ဟိုတယ်ပြောင်းဖို့အတွက်ပါ

တောင်းဆိုခဲ့တယ်လို့အိန္ဒိယဘောလုံးအဖွဲ့ချုပ်(AIFF)ရဲ့

သတင်းအရင်းအမြစ်တွေအရသိရပါတယ်။AIFFဟာမြန်မာ

အသင်းတစ်ခုကိုပဲအဆင်ပြေအောင်မလုပ်ပေးနိုင်တာမဟုတ်ပါဘူး။

အိန္ဒိယဘောလုံးအသင်းကိုယ်တိုင်ဂိုအာမှာအခက်အခဲတွေ

ကြုံတွေ့နေရပါတယ်။ဂျဝါဟာလာနေရူးကွင်းအနားမှာ

ဟိုတယ်ခတွေကစျေးကြီးတာကြောင့်ကွင်းနဲ့တော်တော်ဝေးဝေးနေရာမှာအိန္ဒိယဘောလုံးအသင်းကိုနေရာချပေးခဲ့ပါတယ်။

ဟိုတယ်နဲ့ကွင်းအရမ်းဝေးတာကြောင့်လေ့ကျင့်ရေးကိစ္စ

တွေမှာအဆင်မပြေဘူးလို့သိရပါတယ်။ဒါမျိုးကိစ္စတွေ

ကိုမကာအိုအသင်းအိန္ဒိယမှာလာကစားတုန်းကလည်း

ဖြစ်ဖူးပါတယ်။အဲ့ဒီတုန်းကဟိုတယ်Check Out

အချိန်မှားရေးတဲ့ကိစ္စပါ။ည11နာရီမှာCheck Out

လုပ်ပေးရမှာကိုမနက်11နာရီမှာCheck Outလုပ်ရမယ်ဆိုပြီး

AIFFကမှားရေးခဲ့တယ်လို့ဆိုပါတယ်။ဒီအတိုင်းသာဆိုရင်တော့AIFFရဲ့စီမံခန့်ခွဲမှုတွေဟာ

မေးခွန်းထုတ်စရာပါ။

Source-Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။