ရုပ်ရှင် နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသမီး ခိုင်နှင်းဝေဟာ လမ်းသွားရင်း ရေသန့်ဗူးရောင်းတဲ့ ကလေးတွေကို ပျော်အောင်လုပ်ပေးပြီး ကုသိုလ်ယူခဲ့ပါတယ်..။

ရှုတင်သွားရင်း မီးပွိုင့်မိနေတုန်း ရေသန့်ဗူးရောင်းတဲ့ ကလေးတွေကို လှမ်းခေါ်ပြီး အရုပ်လေးတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်..။

စားဝတ်နေရေးအတွက် ကားလမ်းတွေ မီးပွိုင့်တွေမှာ ပန်းနှင့် ရေသန့်ဗူးများရောင်းနေရတဲ့ ကလေးငယ်လေးတွေကို မေတ္တာ စေတနာ အပြည့်နဲ့ အရုပ်လေးတွေပေးရင်း ပျော်အောင်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်..။

အဲ့လိုကလေးငယ်လေးတွေကို တွေ့ရင် ပေးချင်လို့ အရုပ်လေးတွေကို ကားထဲမှာ အမြဲထည့်ထားပြီး ကလေးတွေ အံ့သြပြီးပျော်သွားကြတဲ့ အပြုံးလေးတွေ ရယ်မောသံလေးတွေနဲ့ သူတို့အပျော်လေးတွေကူးစက်လာပြီး သူမကိုပါ ပျော်ရွှင်စေတယ်လို့ ခိုင်နှင်းဝေက ဆိုပါတယ်..။

အဲ့ဒီ ကြည်နူးပျော်ရွှင်စရာ အကြောင်းလေးကို မင်းသမီးခိုင်နှင်းဝေက သူမရဲ့ fb စာမျက်နှာမှာ အခုလိုရေးသားတားပါတယ်..။

“ရူတင်အသွားကုသိုလ်..မီးပွိုင့်မိတုန်းလေး ရေသန့်ရောင်းနေတဲ့ ကလေးလေး ကိုလှမ်းခေါ်ပြီး အရုပ်လေးပေးခဲ့တယ်..အရုပ်တွေအားလုံး အသစ်တွေချည်းပဲ..ကားခဲအမြဲထည့်ထားတာ.ကလေးတွေတွေ့ရင် ပေးချင်လို့..ခနလေးပဲဖြစ်ဖြစ်ပျော်သွားတာမြင်ရင်တောင် သူတို့အပျော် ကိုယ့်ဆီကူးစက်သွားတယ်..” လို့ သူမက ရေးသားတာ တွေ့ရပါတယ်..။

မင်းသမီး ခိုင်နှင်းဝေဟာ ကားစီးရင်း လမ်းမှာတွေ့တဲ့ ကလေးတွေကို ကြုံရင်ကြုံသလို အရုပ်လေးတွေပေးပြီး ကလေးတွေအတွက် ပျော်အောင် ပြုလုပ်ပေးနေခဲ့တာ တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၀)ရက်နေ့မှာလည်း ကလေးငယ်လေးတွေအတွက် အရုပ်လေးတွေကို ပေးဝေခဲ့ပါသေးတယ်..။ အရုပ်လေးတွေရလို့ တအံ့တသြနဲ့ ပျော်ရွှင်မှုလေးတွေကလည်း သူမအတွက်လည်း ထပ်တူကြည်နူးပျော်ရွှင်ရတယ်လို့ ဆိုပါတာယ်..။

ပရဟိတ မင်းသမီးတစ်လက်ဖြစ်တဲ့ ခိုင်နှင်းဝေဟာ အနုပညာလောကမှာ ပရိသတ်အားပေးမှုများ အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး လှူဒါန်းမှုများနှင့် ပရဟိတလုပ်ငန်းတွေကိုလည်း မကြာခဏ ပြုလုပ်လေ့တာ တွေ့ရပါတယ်..

Source - Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။