မင်းသမီး Song Hye Kyo ရဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုတဲ့ အနေနဲ့ မင်းသမီး ရဲ့ မင်္ဂလာပွဲဝတ်စုံကို ဘယ်လို ဒီဇို်င်းဆွဲဖန်တီးခဲ့တယ် ဆိုတာကို ပြင်သစ်အခြေစိုက် ဖက်ရှင်ဟောက်စ် ဖြစ်တဲ့ Dior က ဖွင့်ချခဲ့ပါတယ်။ Dior အနေနဲ့ မင်းသား Song Joong Ki နဲ့ မင်းသမီး Song Hye Kyo တို့ရဲ့ မင်္ဂလာပွဲနေ့မှာ သူတို့နှစ်ယောက်ကို ဂုဏ်ပြုတဲ့ အနေနဲ့ မင်းသမီး ရဲ့ မင်္ဂလာပွဲဝတ်စုံကို ဘယ်လို ဒီဇို်င်းဆွဲဖန်တီးခဲ့တယ် ဆိုတာကို ဖွင့်ဟခဲ့တာပါ။ မင်းသမီး Song Hye Kyo ကို မြင်သူတိုင်းငေးမောခဲ့ရတာကို ဘယ်သူမှငြင်းမရပါဘူး။ အဲ့ဒီ့ မင်္ဂလာဝတ်စုံလေးဟာ မင်းသမီး Song Hye Kyo ရဲ့ အလှကိုပိုမို အရောင်တင်ပေးခဲ့တယ် လို့ ပြောမယ်ဆိုရင်လည်းမမှားပါဘူး။

Dior အနေနဲ့ ဘယ်လိုဒီဇိုင်းဆွဲခဲ့တယ်။ ဘယ်လိုချူပ်လုပ်ပြီး အကောင်းဆုံး ၀တ်စုံလေးဖြစ်အောင် ချုပ်လုပ်ခဲ့တယ် ဆိုတာကို ဓာတ်ပုံများနဲ့ အတူ ပြသခဲ့ပါတယ်။ ဒီ မင်္ဂလာဝတ်စုံလေးနဲ့ မင်းသမီး Song Hye Kyo ဟာ နတ်သမီးလေးလို လှပပြီး မြင်ရသူတိုင်း ကို ရင်အေး ကြည်နူးစေခဲ့ပါတယ်။ မင်းသမီး Song Hye Kyo ရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာအောင် ကူညီဖန်တီးပေးခဲ့ တာ ကတော့ ပြင်သစ်အခြေစိုက် ဖက်ရှင်ဟောက်စ် ဖြစ်တဲ့ Dior ပါပဲ။ မင်းသမီး Song Hye Kyo အရမ်းလှလွန်းလို့ Song Joong Ki မင်္ဂလာပွဲနေ့မှာ အချိန်အတော်ကြာ ငေးမောကြည့်ခဲ့ရပါတယ်။

Dior မှ ဒါရိုက်တာ ဖြစ်တဲ့ Maria Grazia Chiuri ကိုယ်တိုင် မင်းသမီး Song Hye Kyo ရဲ့ မင်္ဂလာပွဲဝတ်စုံကို ဒီဇိုင်းဆွဲပေးခဲ့တာပါ။ ပုံကြမ်းဆွဲပေးထားတဲ့ ဓာတ်ပုံကို ပရိသတ်တွေတွေ့မြင်ရမှာပါ။ Dior အနေနဲ့ မင်္ဂလာပွဲဝတ်စုံကို နာရီပေါင်းများ စွာ အချိန်ပေး ပြီး ပြုလုပ်ခဲ့ရပါတယ်။ Dior အနေနဲ့ ပြောကြားရာမှာ “မင်းသမီး Song Hye Kyo ရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာအောင် Dior အနေနဲ့ ကူညီဖန်တီးပေးနိုင်ခဲ့ပါပြီ။ Dior ကို မင်းသမီး Song Hye Kyo ရွေးချယ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်” လို့ပြောကြားသွားပါတယ်။

Source: Korean Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။