ကျော်ကိုကို ဟာSpecial Oneပါဆိုတဲ့အိန္ဒိယခံစစ်မှူး

အိန္ဒိယအသင်းနဲ့မြန်မာအသင်းဟာနိုဝင်ဘာ14ရက်နေ့

မြန်မာစံတော်ချိန်ည9နာရီမှာဂိုအာမြို့ဂျဝါဟာလာ

နေရူးကွင်းကြီးထဲမှာအာရှဖလားခြေစစ်ပွဲကစား

ကြမှာပါ။အိန္ဒိယဟာခြေစစ်ပွဲအောင်သွားပြီဖြစ်ပေမယ့်

မြန်မာအသင်းကတော့ခြေစစ်ပွဲမအောင်သေးပါဘူး။

ဒါပေမယ့်အိန္ဒိယကစားသမားတွေဟာသူ့မြေသူ့ရေမှာတော့

မြန်မာအသင်းကိုပေါ့လျော့စွာကစားမှာမဟုတ်ပါဘူးလို့

အသီးသီးပြောကြားခဲ့ပါတယ်။သူတို့ရဲ့ပွဲကြိုပြောစကား

တွေကအတော်လေးစိတ်ဝင်စားဖို့ကောင်းလို့ဖော်ပြပေး

လိုက်ပါတယ်။

ပထမဆုံးပြောခဲ့တာကအိန္ဒိယကပ္ပတိန်စူနေးချက်ထရီပါ။

ချက်ထရီဟာရန်ကုန်မှာကစားခဲ့တဲ့ပွဲမှာမြန်မာအသင်းကို

အသဲခွဲဂိုးသွင်းခဲ့သူပါ။ချက်ထရီကမြန်မာအသင်းကို

သိပ်သည်းကျစ်လစ်တဲ့အသင်းကောင်းတစ်သင်းအဖြစ်

သတ်မှတ်တယ်လို့ပြောပါတယ်။မြန်မာအသင်းဟာ

နည်းစနစ်ကျွမ်းကျင်တဲ့ကစားသမားတွေအများကြီး

ပါဝင်တဲ့အသင်းတစ်ဖြစ်ပြီးရန်ကုန်ပွဲမှာတုန်းက

ကျွန်တော်တို့ကိုပွဲချိန်ပြည့်ပြည့်လွှမ်းမိုးနိုင်ခဲ့တယ်ဆိုတာ

မငြင်းပါဘူးလို့ပြောပါတယ်။ဒါပေမယ့်14ရက်နေ့မှာတော့

မြန်မာအသင်းကိုအနိုင်ရဖို့ကြိုးစားသွားမယ်လို့ပြောပါတယ်။

အိန္ဒိယခံစစ်မှူးဆန်ဒေ့ကတော့ကျော်ကိုကိုဟာSpecial

Oneပါလို့သူ့အမြင်ကိုပြောပြပါတယ်တယ်။ဆန်ဒေ့ဗ်ဟာလက်ရှိ

အိန္ဒိယဘောလုံးလောကရဲ့ကြေးအကြီးဆုံးနောက်ခံကစားသမားပါ။ကျော်ကိုကို

ကိုသူ့အနေနဲ့ထိန်းချုပ်ရတာမလွယ်ကူကြောင်းပြောကြားပြီး

မြန်မာအသင်းဟာအရမ်းမြန်ပြီးကြိုးစားကစားတတ်လို့

အိန္ဒိယအတွက်အရမ်းခက်ခဲမယ့်ပွဲပါလို့သူကပြောပါတယ်။

ပွဲကတော့မစသေးပါဘူး။ဒါပေမယ့်ကစားသမားတွေရဲ့

ပွဲကြိုပြောစကားတွေနဲ့တင်အိန္ဒိယမြန်မာပွဲကတော်တော်

စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။