နိုင်ငံတကာ အနေနဲ့ မြောက်ကိုရီးယား လို့ဆိုလိုက်တာ နဲ့ စစ်ရေးပြ အခမ်းအနားတွေ၊ စစ်သားများ ဟန်ချက်ညီညီ စစ်ရေးပြလမ်းလျှောက် နေကြတာကို ပြေးမြင်မိကြမှာပါ။ အခုတော့ ဓာတ်ပုံဆရာ Ed Jones ရဲ့ အကူအညီ နဲ့ နိုင်ငံခြားမီဒီယာတွေကို ပိတ်ပင်ကန့်သတ်ထား ခြင်းကို ကျော်လွှားပြီး မြောက်ကိုရီးယားနိုင်ငံတွင်း သွားရောက်ကာ ဓာတ်ပုံရိုက်ကူးခဲ့မှုကြောင့် မြောက်ကိုရီးယား နိုင်ငံ ရှိ ၀န်ထမ်းများ၊ ပြည်သူများ ရဲ့ နေ့စဉ်လူနေမှုဘဝ ပုံရိပ်တွေ ကို သိရှိခွင့် ရခဲ့ပါပြီ။ သူဟာ ၂၀၁၂ ခုနှစ်ကတည်း က မြောက်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်နေခဲ့တာပါ။

ဓာတ်ပုံစုစည်းမှု တွေထဲမှာ မြောက်ကိုရီးယား နိုင်ငံတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းတွေ၊ အထူးသဖြင့် အမျိုးသမီးဝန်ထမ်းတွေ ပါ၀င်ပါတယ်။ မြောက်ကိုရီးယား တိုးရစ်စ် ဂိုက် ကပ္ပတိန်၊ သေနတ်ပစ်နည်းပြ၊ မြောက်ကိုရီးယားကျောင်းသူ၊ ကျောင်းဆရာ၊ မာရသွန် အပြေးသမား၊ စက်ရုံအလုပ်သမား၊ Water Park မှ ၀န်ထမ်း၊ လမ်းပြပုလိပ်၊ စျေးဝယ်ထွက်နေတဲ့ ပြည်သူများ စသည်ဖြင့် လူနေမှု ဘဝမျိုးစုံကို ပုံဖော်ရိုက်ကူးလာနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ အနေနဲ့ မြောက်ကိုရီးယား နိုင်ငံ ရှိ ၀န်ထမ်းများ၊ ပြည်သူများ ရဲ့ နေ့စဉ်လူနေမှုဘဝ ပုံရိပ်တွေ ကိုတွေ့ရခဲလှပါတယ်။ အခုလို ဓာတ်ပုံဆရာ Ed Jones ရိုက်ကူးခဲ့တဲ့ ပုံတွေကြောင့် နိုင်ငံတကာ အနေနဲ့ မြောက်ကိုရီးယား နိုင်ငံတွင်း က လူနေမှုဘဝ ပုံရိပ်တွေကို ပိုမိုသိရှိလာနိုင်တော့မှာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ နဲ့ အထီးကျန် ဆန် နေထိုင်တတ်တဲ့ မြောက်ကိုရီးယား နိုင်ငံလေးကို ပိုမိုနားလည် လာတော့မှာပဲဖြစ်ပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။