ကျော်ထက်အောင်ကတော့ သူ့ကို လက်ဆောင်ပေးခဲ့တဲ့ နီနီခင်ဇော်ကို ကျေးဇူးတင်စကားဆိုရင်း စနောက်လိုက်ပါတယ်..။

နီနီခင်ဇော်က သူမရဲ့ ကိုယ်ပိုင်ထုတ်လုပ်ထားတဲ့ Super Red တံဆိပ်နဲ့ ထုတ်လုပ်ထားတဲ့ Cosmetic တွေထဲက တစ်ခုဖြစ်တဲ့ “မျက်နှာချေ” ဆိုတဲ့ Cushion လေးကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်..။

နီနီဟာ “မျက်နှာချေ” Cushion လေးကို ခင် နဲ့ ကိုငြိမ်းမောင် ဇာတ်လမ်းလေးနဲ့ ကြော်ငြာခဲ့တာ ဖြစ်ပြီး ကျော်ထက်အောင်က လက်ဆောင်ရရှိတဲ့အခါ အဲ့ဒီဇာတ်လမ်းလေးနဲ့ပဲ စနောက်ပြီး ကျေးဇူးတင်စကား ဆိုခဲ့တာ ဖြစ်ပါတယ်..။

ကျော်ထက်အောင်က သူအသုံးပြုတဲ့ fb စာမျက်နှာမှ တစ်ဆင့် အခုလို စနောက်ပြီး ကျေးဇူးတင်စကားပြောထားပါတယ်..။

“ 'ခင်'

'ခင်' ကတော့လေ 'အကိုအောင်' ကို အံ့အားသင့်စေပြန်မပေါ့

'ခင်' ပို့လိုက်တဲ့ 'ခင်' ကြိုက်တဲ့ 'မျက်နှာချေ' လေးတွေလက်ဆောင်ရတယ်။

'အကိုအောင်' ရိုက်ကူးရေးတွေရှိရင်သုံးပါ့မယ် 'ခင်' ရေ

နောက်တစ်ဗူးကိုတော့ 'အကိုအောင်' မေမေ ကိုပေးသုံးလိုက်မယ်လေ

'ခင်' နဲ့ 'အကိုငြိမ်းမောင်' ကို 'အကိုအောင်' ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်.....

ဪ ဒါနဲ့ 'ခင်' ...... 'အကိုငြိမ်းမောင်' နဲ့အဆင်ပြေရဲ့လား

'အကိုငြိမ်းမောင်' 'ခင်' နဲ့ 'အကိုအောင်' တို့အကြောင်းတွေ လူတွေမသိစေနဲ့နော်

'ခင်' ရေ 'ခင်' ရဲ့အောင်မြင်မှု ကို အဝေးကနေ ဝမ်းသာ နေမှာပါ

'ခင်' နဲ့ 'အကိုငြိမ်းမောင်' တို့ ရဲ့ တချိန်က 'အကိုအောင်'

မှတ်ချက်။ ။

လုပ်ကြံဇာတ်လမ်းဖြစ်၍ 'ခင့်' ကိုအထင်မလွဲရ

'အကိုအောင်' အား 'အကောင်အို' ဟုမဖတ်ရ (လုံးဝ)

lol! Anyway, Thank You so much NiNi Ni Ni Khin Zaw” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း ကျော်ထက်အောင်ရဲ့ ပရိသတ်တွေက ပြန်လည် စနောက်ထားတာ ကို တွေ့ရပါတယ်..

Myanmar Idol အစီအစဉ်မှ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ ကျော်ထက်အောင်ဟာ အခုဆို အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်ရင်း ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်..။

အရပ်ရှည်ရှည်နဲ့ စမတ်ကျပြီး အသံသြဇာကောင်းပြီး အသံပါဝါကောင်းကောင်းနဲ့ ပြုံးရယ်လိုက်ရင်လည်း ပါးချိုင့်လေးနဲ့ အမျိုးသမီးပရိတ်အများဆုံးနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် မင်းသားချော တစ်ယောက်လည်း ဖြစ်ပါတယ်..။

အနုပညာအလုပ်တွေ့ကို ဆက်တိုက်လုပ်ဆောင်နေပြီး လတ်တလောမှာတော့ အခမ်းအနားပွဲများ တတ်ရောက်နေပြီး ကြော်ငြာများနှင့်် ဇာတ်ကားများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင် ရိုက်ကူးနေပြီး “ချူဆီ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကဇာတ်ကောင် ခေါင်းဆောင် မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။