ဘရာဇီးဂရင်းပရီမှာလေးလကြာနိုင်ပွဲပျောက်မှုကိုအဆုံးသတ်ခဲ့တဲ့ဗက်တဲ

နိုင်ပွဲတွေနဲ့လေးလလောက်ဝေးကွာနေခဲ့တဲ့F1ကစားသမား

ဗက်တဲဟာမနက်ကကျင်းပခဲ့တဲ့ဘရာဇီးဂရင်းပရီမှာအနိုင်ရ

ဗိုလ်စွဲခဲ့ပါတယ်။ဖာရာရီအသင်းသားဗက်တဲဟာ

အနီးကပ်ဆုံးပြိုင်ဘက်ဘော့တက်ကိုကျော်ဖြတ်အနိုင်ရဗိုလ်စွဲ

ပြီးသူ့ရဲ့ကာလအတန်ကြာနိုင်ပွဲပျောက်နေမှုကိုအဆုံးသတ်ခဲ့ပါတယ်။ဒီပြိုင်ပွဲမှာကမ္ဘာ့ချန်ပီယံမာစီးဒီးအသင်းသား

ဟာမီတန်လည်းဝင်ရောင်ယှဉ်ပြိုင်ခဲ့ပါတယ်။ဒါပေမယ့်

သူ့အနေနဲ့အကောင်းဆုံးပုံစံတစ်ခုပြသနိုင်ခဲ့ပေမယ့်

အဆင့်လေးနေရာသာရခဲ့ပါတယ်။

ဘရာဇီးဂရင်းပရီဟာဘော့တက်နဲ့ဗက်တဲတို့ရဲ့

အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

ဘော့တက်ဟာပထမနေရာကနေတာထွက်ခွင့်ရထားလို့

အားလုံးကိုအပြတ်ဖြန်ထားနိုင်ပေမယ့်လည်းဗက်တဲက

အကောင်းဆုံးပုံစံနဲ့ဘော့တက်ကိုကျော်ဖြတိနိုင်ခဲ့ပါတယ်။

ဗက်တဲရဲ့အသင်းဖော်ရိတ်ကွန်နန်ကတော့ပြိုင်ပွဲအတွင်း

အခက်တချို့ရင်ဆိုင်ခဲ့ရပြီးအဆင့်သုံးနေရာကနေ

ပန်းဝင်ခဲ့ပါတယ်။ပြိုင်ပွဲပီးဆုံးချိန်မှာတော့ဗက်တဲက

ချန်ပီယံ၊မာစီးဒီးကစားသမားဘော့တက်ကဒုတိယ၊

ရိတ်ကွန်နန်ကတတိယနဲ့ဟာမီတန်ကတော့စတုတ္ထနေရာမှာရှိ

နေခဲ့ပါတယ်။

ရက်ဘူးအသင်းသားတွေဖြစ်တဲ့ဗာစတာဗန်နဲ့ရီကာဒိုတို့ကတော့အဆင့်ငါးနဲ့ခြောက်နေရာမှာရှိနေခဲ့ပါတယ်။

နာမည်ကြီးဝီလီယံအသင်းကစားသမားမက်ဆာကတော့အဆင့်ခုနစ်နေရာမှာရပ်တည်ခဲ့ပြီးမက္ကလာရင်ကစားသမားဖာနန်ဒို

အလွန်ဆိုကနံပတ်ရှစ်ပါ။Ford Indiaအသင်းကဆာဂျီယို

ပီရက်ကအဆင့်ကိုးနဲ့ရေးနော့အသင်းကဟူကန်ဘက်က

အဆင့်တစ်ဆယ်အသီးသီးရရှိခဲ့ပါတယ်။ဘရာဇီး

ဂရင်းပရီမှာမာစီးဒီးကစားသမားတချို့အကြမ်း

ဖက်တိုက်ခံခဲ့ရလို့ပွဲကျင်းပနေစဉ်အတွင်းလုံခြုံရေးတွေ

တိုးမြင့်ချထားတာကိုတွေ့ခဲ့ရပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။