မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးလာသူ အမျိုးသမီးတစ်ယောက် ဟာ ကင်ဂျံုအန်း ကို လုပ်ကြံသတ်ဖြတ်ဖို့ ငွေကြေးရန်ပုံငွေ လိုက်လံကောက်ခံနေပါတယ်။ သူမဟာ မြောက်ကိုရီးယားနိုင်ငံမှာ ၈ နှစ်လောက် အလုပ်ကြမ်းနဲ့ အတူ ရိုက်နှက်ခံခဲ့ရပြီး၊ အစာငတ်ခံထားခြင်းလည်းခံခဲ့ရပါတယ်။ သူမရဲ့ နာမည် ကတော့ Dr. Lee Aeran ပါ။ အသက် ကတော့ ၅၃ နှစ်ရှိပါပြီ။ သူမဟာ မြောက်ကိုရီးယား နိုင်ငံရေး အကျဉ်းစခန်းကနေ လွတ်မြောက်ထွက်ပြေးလာသူပါ။ ၁၉၉၇ ခုနှစ်မှာ တောင်ကိုရီးယား နယ်စပ်ဘက်ကို ရောက်ရှိခဲ့ပြီး သူမရဲ့ ဘဝသစ်ကို တောင်ကိုရီးယားနိုင်ငံ မှာ စတင်နေပါပြီ။

သူမဟာ မြောက်ကိုရီးယားနိုင်ငံ တွင်းမှ ထွက်ပြေးလာသူ အမျိုးသမီးများထဲမှ ပထမဆုံး ဒေါက်တာဘွဲ့ရရှိသူလည်းဖြစ်ပါတယ်။ ယခုအခါ ဆိုးလ်မြို့မှာ စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိိပါတယ်။ စားသောက်ဆိုင်ပိုင်ရှင် Dr. Lee Aeran က မြောက်ကိုရီးယားမှာ ကင်ဂျံုအန်း အုပ်ချုပ်နေသမျှ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ပြောဆိုပြီး ငွေကြေး အလှုငွေတွေ လိုက်လံကောက်ခံနေခဲ့တာပါ။ သူမ ရဲ့ စားသောက်ဆိုင်မှာ ယခုလို အလှုငွေကောက်ခံ ရတဲ့ ရည်ရွယ်ချက်ကတော့ လာရောက်စားသောက်တဲ့ စားသုံးသူတွေ ဆီမှ တစ်ဆင့် ကင်ဂျံုအန်း ကို လုပ်ကြံသတ်ဖြတ်ဖို့ ကင်ဂျံုအန်း ရဲ့ အနီးကပ်လူယုံတွေကို လှုံ့ဆော်နိုင်ဖို့ပါတဲ့။

ဒါပေမယ့် သူမ ကို လူတိုင်းထောက်ခံခြင်းတော့မရှိပါဘူး။ တချို့ပုံမှန်စားသုံးသူတွေ ဆိုရင် သူမ ရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်မှု တွေလည်း ရှိခဲ့ပါတယ်။ တချို့ စားသုံးသူတွေကတော့ လုံးဝ အားတက်သရော ထောက်ခံပြီး အလှုငွေ တွေ လှုဒါန်းသွားကြပါတယ်။ တခြားသော စားသုံးသူတွေ တချို့ကတော့ ဒေါသထွက်ခဲ့ကြပြီး၊ သူမရဲ့ လုပ်ရပ်ကို ရှုံ့ချကာ သူမရဲ့စားသောက်ဆိုင်ကို နောက်လာမစားတော့ပါဘူးတဲ့။ သူမ အနေနဲ့ မြောက်ကိုရီးယား နိုင်ငံမှာ အသက် ၁၀ နှစ်ထဲ က ဒုက္ခရောက်ခဲ့ရတာဖြစ်ပါတယ် လို့ဆိုပါတယ်။ သူမဟာ သူမရဲ့ မိသားစုနဲ့ အတူ Ryangganag ပြည်နယ်မှာ ရှိတဲ့ အကျဉ်းစခန်းကို ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အလုပ်ကြမ်းနဲ့ အတူ ရိုက်နှက်ခံခဲ့ရပြီး၊ အစာငတ်ခံထားခြင်းလည်းခံခဲ့ရပါတယ်။ သူမကိုယ် သူမ သတ်သေဖို့ အထိ ကြံစည်ခဲ့ဘူးပါတယ်တဲ့။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။